လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၄

ကရင်နီပြည်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေ ပြီး တစ်ပတ်အတွင်း စစ်သား ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့က ဘောလခဲမြို့နယ် ဝမ်းမလန်းကျေးရွာအပေါ်ဘက် တောင်ကုန်း တစ်ခုတွင် ကာကင်းချထားသော စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်များ အကြား ထိတွေ့တိုက်ပွဲ ၁ နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး ထိတွေ့မှုအတွင်း စစ်ကောင်စီဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရှိမှု များပြားခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၆ ရက်နေ့က လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့ နယ် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ ကျေးရွာ များဘက်သို့ စစ်ကောင်စီနှင့် PNO တပ်တို့ပူးပေါင်း၍ စစ်ကြောင်းထိုးလာသောကြောင့် ကရင်နီတော်လှန်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သားကောင်စီတပ်ဘက်က အထိနာခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် လွိုင်လင်လေးမြို့နယ် ၊ လင်ဖုံကြီးရွာအနီးရှိ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အထိ နာ သွားသဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် လင်ဖုန်ကြီးကျေးရွာဖက်ရှိ စစ်ကောင်စီတပ်မှ အင်အား ၆၀ ကျော် ဖြင့် ထပ်မံ ထိုးစစ်ဆင်လာသဖြင့် ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၂ ရက်ကြာဖြစ်ခဲ့ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တန်ပြန်ချေမှုန်း တိုက် ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ် သားများထံမှ လက်နက် ၄ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က လွိုင်ကော်မြို့အပြင်ဘက်ရှိ လယ်ထွဲ ၊ ပဒါးညေးကျေးရွာ များ ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လူအင်အားဖြည့်တင်း၍ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း ၊ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ဘောလခဲ မြို့ နယ် နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်မျက် နှာ ၅ ခုဖွင့်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်မျက်နှာအားလုံးပေါင်းရင် စစ်သား ၂၀ ဝန်းကျင်သေဆုံးမှုရှိနိုင်ပါတယ်။ စခတွေဘက်တော့ စစ်မျက်နှာ ၅ ခုလုံးမှာ အင်အားတွေ ထပ်တိုးနေပါတယ်။ အဲဒါကြောင့် စစ်ရေးအရှိန်မြင့်လာဖို့ရှိပါ တယ်။ အခုလောလောဆယ်တော့ ခုခံ စစ်ကိုပဲ အရင်ဆင်နွှဲနေရတာပါ။ မိဘပြည်သူတွေအနေနဲ့ လုံခြုံရေး သတိရှိကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု KNDF ဗဟိုသတင်း နှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင်ကျေးရွာမှတစ်ဆင့် ခေါက်ပလော့ကျေးရွာ ဘက် သို့ စစ်ကောင်စီတပ်များမှ အပြင်းအထန်တိုက်ခိုက်ထိုးဖောက်ကာ တပ်စွဲနိုင်ရေးလုပ်ဆောင် နေ သဖြင့် ကရင်နီတော်လှန်ရေးတပ်များက ခုခံကာကွယ်လျက်ရှိရာ နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ အ ပြင်း အထန်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီမှ တပ်စွဲရန်ကြိုးစားနေသော ရပ်ကွက်၊ ကျေးရွာများအ တွင်းသို့ အကြမ်းဖက်စစ်တပ်က မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့်နေ့စဉ် တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထား လျက်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေ ကြောင်း သိရသည်။

ထို့အတူ ဖရူဆိုမြို့နယ် ဒေါညေးခူနှင့် ဒေါကူးခူကျေးရွာအကြားရှိ လူနေအဆောက်အဦး များအား ပစ်ကွင်းရှင်းစေရန် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကျဲမီးရှို့ခဲ့သည့်အပြင် ဘောလခဲ ဘက်သို့ မျက်နှာမူ၍ စစ်ကြောင်းထိုးနိုင်ရန် ဖရူဆို-ဘောလခဲကြားရှိ မာခရောရှေ့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များ လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

ကရင်နီ- ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် တပ်ဖြန့်ထားသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်တို့သည် မြောက်စလုံးကျေးရွာသို့ ဝင်ရောက်ကာ လူနေ အိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လက်နက်ကြီး ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်းနှင့် ကရင်နီ-ရှမ်းတောင် နယ်စပ် တစ်လျှောက်တွင် အင်အား အလုံးအရင်းဖြင့် စစ်မျက်နှာများဖွင့်ကာ အပြင်းအထန်တိုက်ခိုက်လျက်ရှိ သောကြောင့် တိုက်ပွဲဖြစ်ပွားသောနေရာဒေသများသို့ ဆက်စပ် နေထိုင်သွားလာနေရသော မိဘပြည် သူများနှင့် ကရင်နီပြည်နယ်တဝှမ်းရှိ ပြည်သူများအနေဖြင့် စစ်ရေးအသိ သတိ၊ လုံခြုံရေးသတိတို့ ရှိကြပါရန် KNDF ဗဟိုက အထူးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာစစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Thunderbird Local Defense Force တပ်ဖွဲ့ထံမှ သိရသည်။ အောက်တိုဘာ ၆ ရက်...