သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၃
အကြမ်းဖက်စစ်ကောင်စီဌာနချုပ် ရုံးစိုက်ရာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက် လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၅ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ နယ် ရတနာမြေကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ကင်းလှည့်ထွက်ခွာလာသော အင်အား ၁၆ ဦးပါ အကြမ်းဖက်စစ်ကြောင်းကို အသင့်ပြင်ဆင်ထားသော မိုင်းကွင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခဲ့ ကြောင်း သိရသည်။
Photo – ပုံဟောင်း
ထိုသို့ တိုက်ခိုက်မှုအတွင်း နေရာမှာပင် စစ်သား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများအား လူနာတင် ယာဉ်ဖြင့် သယ်ဆောင်စဉ် လမ်းခရီး၌ စစ်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် စုစုပေါင်း ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မကွေးတိုင်းဒေသကြီး ၊မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ မြို့သစ်ပကဖ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ရဲဘော်များ၏ လုံခြုံရေးကြောင့် ယခုမှ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media