ဖရူဆိုမြို့ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်ကို နေ့မနား၊ ညမအိပ် ခုခံ တိုက်ခိုက်နေ

ဖရူဆိုမြို့ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်ကို နေ့မနား၊ ညမအိပ် ခုခံ တိုက်ခိုက်နေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၂

ကရင်နီပြည်၊ ဖရူဆိုမြို့ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်အား နေ့မနား၊ ညမအိပ် ခုခံတိုက်ခိုက်လျက်ရှိကြောင်း KNDF တပ်ရင်း ၁၅ က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီတပ်များအတွင်း စစ်ယာဉ်တန်းကားများ ဖြန့်ခွဲ၍ စုဖွဲ့ထားကာ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းအနီးရှိ ကျေးရွာများဘက်သို့ ထွက် ကာ ဘောလခဲ ဘက်သို့ ဦးတည်၍ စစ်ကြောင်းအချို့ လှုပ်ရှားမှုများနေသောကြောင့် ထိတွေ့တိုက်ပွဲ များ မကြာ ခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“စစ်ရေးပြင်းထန် နေသောကာလဖြစ်၍ အကြမ်းဖက်စကမ ၏ ထိုးစစ်ကို နေ့မနား၊ညမအိပ် ခုခံ ကာကွယ်ပေးနေသော ရှေ့တန်းရဲဘော်များ။ အကြမ်းဖက် စကမ မှ ဖရူဆိုမြို့ပတ်ဝန်းကျင်ဒေသသို့ သာလွန်အင်အား၊ လက်နက်ကြီး၊ လေ ကြောင်းတို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာနေပါသဖြင့် မိဘပြည်သူများ သတိဝိရိယဖြင့် သွား လာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” ဟု KNDF တပ်ရင်း ၁၅ က ပြောဆိုကာ ဓာတ်ပုံသတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒီးမော့ဆို ၊ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် လက်နက်ကြီး၊ ဒရုန်း နှင့် လေကြောင်း တိုက်ခိုက်မှုအန္တရာယ်များကို သတိရှိကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေသောဒေသများသို့ မလိုအပ်ပါက ခရီးသွားလာခြင်း များ မပြုလုပ်ကြရန် KNDF ဗဟိုက အထူးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...