ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

ပြည်သူလူထုအပေါ် ဆက်ဆံရာတွင်အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့သည့်PDF ရဲဘော်များ အားလုံးကိုအရေးယူမည် (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ ထံက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်အတွင်းရှိ ပြည်သူလူထု မိသားစုတစ်စုနေအိမ်တွင် စတားလင့် အင်တာနက် တပ်ဆင်ထားပြီး စဉ့်ကူးမြို့နယ်အရေးပေါ်အုပ် ချုပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းအချို့ကို ချိုးဖောက်သည်ဟုဆိုကာ အရေးယူရန် သွားရောက်သည့် ရဲဘော်များနှင့် ပြည်သူလူထုမိသားစုဝင်တို့ အငြင်းအခုန်ဖြစ်ပြီး စကားများခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထုနှင့် အချင်းများခဲ့သည့် တာဝန်ကျရဲဘော်များကို စဉ့်ကူးမြို့နယ်အရေးပေါ် အုပ် ချုပ်ရေးကော်မတီ အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရဲဘော်များအားလုံးကို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ကျနော်တို့ဘက်ကတော့ ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန် ကျတဲ့ ရဲဘော်တွေအပေါ်မှာရော၊ ဒီမိသားစုအပေါ်မှာရော တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်း သွားမှာပါဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ရဲဘော်တွေဘက်က အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ့သွားမှု ၊ အား နည်း သွားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ကျတဲ့ ရဲဘော်တွေအားလုံးကို သတိပေး အရေး ယူမှု တွေ လုပ်ဆောင်သွားမှာပါ၊ မကြာခင်မှာတော့ တရားဝင်သတင်းထုတ်ပြန်ဖို့လည်း ရှိပါတယ်။” ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

ထို့အပြင် စတားလင့် အင်တာနက် စည်းကမ်းချိုးဖောက်ခဲ့သည်ဟုဆိုသော မိသားစုနှင့်လည်း တွေ့ဆုံ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ အရေး ယူထားခြင်းမရှိပဲ စတားလင့်အသုံးပြုမှုစည်းမျဉ်း၊ စည်းကမ်းချိုးဖောက်မှုဖြင့် စတားလင့်စက်ကို ယာယီ ထိန်းသိမ်းထားကြောင်း သိရသည်။

“လောလောဆယ်အရေးယူဆောင်ရွက်မှုက လူပုဂ္ဂိုလ်အပေါ်မှာ လုံးဝမရှိပါဘူး။ စည်းမျဉ်းစည်းကမ်း ချိုး ဖောက်တဲ့အတွက်ကြောင့်မို့လို့ စတားလင့်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းထဲမှာ ပါတဲ့အတိုင်း ပဲ စတားလင့်အင်တာနက်စက်ကို ယာယီထိန်းသိမ်းထားတာ တစ်ခုပဲ ရှိပါတယ်။ မိသားစုအပေါ်မှာ ရော၊ လူတွေအပေါ်မှာရော အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း လုံးဝမရှိပါဘူး။ အဲဒီမိသားစုနဲ့ မျက်နှာစုံညီတွေ့ဆုံဖြေရှင်းဖို့အတွက် ဒီနေ့ ညနေကို ချိန်းဆိုထားပါတယ်။ ပြီးရင်အဲဒီရဲ့ နောက်ဆက် တွဲ Statement တွေလည်း စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားဝင်ထုတ် ပြန် သွားဖို့ရှိပါတယ်။” ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးက ရှင်းပြ သည်။

စဉ့်ကူးမြို့နယ်အတွင်း၌ Starlink Internet ကို အိမ်သုံးသီးသန့် (Private Use) အတွက်သာ ခွင့်ပြု မည်ဖြစ်ပြီး အများပြည်သူ လူထု ကို အခကြေးငွေဖြင့် မျှဝေသုံးစွဲခွင့် (Public Use) နှင့် Starlink Internet လိုင်း ခွဲဝေသုံးစွဲခြင်း ကို လုံးဝခွင့်မပြုကြောင်း၊ အသုံးပြုမည့် Starlink စက်ကို Password ဖြင့်သာ အသုံးပြုရမည်ဖြစ်ပြီး Public အား အသုံးပြုခွင့်ပေးလိုပါက သက်ဆိုင်ရာတာဝန်ရှိသူ များထံ သို့ တင်ပြလျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သုံးစွဲခွင့်ရှိမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေး ကော်မတီက ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ခွင့်ပြုချက်အရ ငွေသွင်းငွေထုတ်နှင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အသုံးပြုရန်ရှိ ပါက အသုံးပြု သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာအပြည့်အစုံကို မှတ် တမ်းတင်ထားရမည် ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးသည့်အချိန်တွင် ပြသရ မည်ဖြစ်ကြောင်း၊ Starlink Internet အသုံးပြု၍ နယ်မြေအတွင်း လုံခြုံရေးကျိုးပေါက်မှုများ ပေါ် ပေါက် လာပါက Starlink စက် ပိုင်ရှင်က တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ဒဏ်ကြေးငွေ ၁ဝ သိန်းကျပ်၊ ဒုတိယအကြိမ်တွင် သိန်း ၂ဝ ကျပ်နှင့် တတိယအကြိမ်တွင် Starlink ကို သိမ်းဆည်းအရေးယူခြင်း ခံရမည်ကြောင်းနှင့် သိမ်းဆည်းခံရသည့် Starlink များကို ၄ လအကြာ တွင် ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ပြသနာက မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စတားလင့်သုံးစွဲမှု ဆိုင်ရာ စည်းမျဉ်း စည်း ကမ်း တွေထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ ကျနော်တို့ စည်းကမ်းအနေနဲ့က Publice Use ပေါ့ ၊ Internet Café လိုမျိုး၊ စတားလင့်ကို အခကြေးငွေနဲ့ ရောင်းချတာကို ကန့်သတ်ထားပါတယ်။ အဲဒီ ကန့် သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ စတားလင့်ပိုင်ရှင်ကို သွားပြီး အရေးယူ တာ ကနေမှ ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ၊ စတားလင့်စက်တပ်ထားတဲ့ ကိစ္စမဟုတ်ပါဘူး။ စတားလင့်စက် တပ် တာ ကို မြို့နယ်အတွင်းမှာ Register လုပ်ပြီးတော့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း အသုံး ပြုမယ်ဆိုရင် တရားဝင်အသုံးပြခွင့်ကို လူတိုင်းကို အကုန်လုံးကို ခွင့်ပြုထားပါတယ်။ အဓိက က ကန့် သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ချို့ပဲရှိပါတယ်။ အဲဒီထဲမှာ အဓိကအကျဆုံးက စောစောက ပြောတဲ့ Publice Use ပေါ့ ၊အဲဒီ Publice Use စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်တဲ့ အတွက် ကြောင့် သွားရောက်ထိန်းသိမ်းရာကနေမှ ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။ ဒီစည်းမျဉ်းစည်းကမ်းချိုး ဖောက် တယ်ဆိုတဲ့ ကိစ္စက ကျနော်တို့ ဘက်ကယူဆချက်က ဒီစည်းမျဉ်းတွေကို သိသိလျက်နဲ့ချိုးဖောက် တယ်ပေါ့၊ ဒါကပထမတစ်ကြိမ် ဖြစ်သွားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီစက်ကို သွားသိမ်းတာ တတိယ အကြိမ် မြောက်မှ ဖြစ်တဲ့ကိစ္စပါ။” ဟု စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်း ရေးမှူးက ပြောကြားသည်။

စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) -MDY PDF ၊ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ စဉ့်ကူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တို့ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာမြို့နယ်၊သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ် ၊ သာစည်ကျေးရွာအနောက်ဘက်ရှိ...