ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ဖားကန့်မြို့နယ်၊ မလန်းရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာနေသဖြင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။

အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ မလန်းကျေးရွာဘက်သို့ လုံးခင်း၊ ယမ်း ချက်ဘက်မှ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တိုက် ပွဲပြင်းထန် နေပြီး စစ်တပ်ဘက်မှ အထိနာလျက်ရှိရာ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ခြင်း၊ Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဖားကန့်မြို့၊ ဖားကန့်အရှေ့ဘက်ခြမ်း၊ မလန်းရွာတဝိုက်မှာ စစ်ကောင်စီက လုံးခင်း၊ ယမ်းချက် ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်နီးပါးရှိပြီ။ သူတို့စစ် ကြောင်းထိုးလာတော့ KIA ၊ K PDF ပူးပေါင်း တပ်ဖွဲ့ ဘက်က ပိတ်ဆို့တိုက်ခိုက်နေတာ၊ သူတို့ (စကမ)ဘက်တော်တော်အထိနာနေတယ်လို့ သိရတယ်။ တိုက်ပွဲကတော့ ဒီမနက်အထိ ပြင်းထန် နေတယ်၊ အပြန်အလှန် လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်နေတယ်။ စစ်ကောင်စီဘက်ကလည်း မြေပြင် ထိုးစစ်၊ လက်နက်ကြီး၊ ဒရုန်း ၊ လေကြောင်း ပစ် ကူနဲ့ ရှေ့တိုးလာတာ၊ ဒါပေမယ့် KIA ၊ KPDF တပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အတွက် ရှေ့မတိုးနိုင်ဘဲ အထိနာနေတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

ဖားကန့်မြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၄ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ် ကောင်စီ တပ်သား ၊ ပြည်သူ့စစ် ရာဂဏန်း ထိခိုက်သေဆုံးထားကြောင်း၊ ထိုသို့ ထိခိုက်သေဆုံးမှုများ ပြားသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ပြည်သူ ၉၀ နီးပါး သေဆုံးပြီး ၂၇၀ နီးပါး ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

ယခင်လများက ဖားကန့်မြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဖားကန့်မြို့အရှေ့ဘက်ခြမ်းကို ထပ်မံစစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၈ ရက်နေ့...