စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ထိခိုသေဆုံးမှုများပြားပြီး လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သဖြင့် ပြန်ဆုတ်ခဲ့ရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၁

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ထိခိုက် သေဆုံးမှုများပြားပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ နာရီခန့်က စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဒရုန်းဖြင့် စတင်ဗုံးကြဲတိုက်ခိုက်၍ မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒရုန်းဖြင့် စတင် တိုက်ခိုက်ခဲ့ရာ လင်းဇင်း တိုက်နယ် ရဲစခန်း ဘိုတဲကုန်းထိ ရရှိခဲ့ ကြောင်း သိရသည်။

နံနက် ၉ နာရီ ၃၄ မိနစ်တွင် လင်ဇင်း အဝင် ကုက္ကိုပင်အောက်ရှိ စစ်တပ်ဘန်ကာ တစ်လုံး ကျန်ရှိနေ သဖြင့် ဆက်လက် တိုက်ခိုက်နေစဥ် မကွေး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက် ခိုက်၍ စက်လက်ဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် လည်း လေကြောင်းဖြင့် ၂ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လေကြောင်းဖြင့် တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လည်း အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂ က ဦးဆောင်၍ မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းအဖွဲ့ ၊ စလင်း ပလဖ ၊ ဒေါင်းညီနောင် မြိုပြပျောက်ကြားအဖွဲ့ နှင့် မင်းဘူးခရိုင် ပကဖ ထုတ်လုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းဘူးခရိုင်တပ်ရင်း ၅ အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးနှင့် စစ်အာ ဏာရှင်စနစ်အဆုံးသတ်နိုင်ရေးအတွက် အခြားတော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ဆက်လက် ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချောင်းဦးမြို့မရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးသေုံးပြီး ကားဂိုဒေါင် ပျက်စီး

ချောင်းဦးမြို့မရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးသေုံးပြီး ကားဂိုဒေါင် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကားဂိုဒေါင် ပျက်စီးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - CHU PDF တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့...