သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၁
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Special Task Force – Ngazun တပ်ဖွဲ့ထံမှ သိရ သည်။
အောက်တိုဘာလ ၈ ရက် ညနေ ၄ နာရီခန့်က ငါန်းဇွန်မြို့နယ် ၊ မြို့သာဈေးမြောက်ထောင့်တွင် ပြည်သူများ နှင့် ခရီးသွားကားကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီ တပ် သား ၁၀ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးနေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာအပြင်းအထန် ၂ ဦး ရရှိကာ ယင်းဒဏ်ရာရရှိသူများအနက် ဆေးကုစဉ် တစ်ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Special Task Force – Ngazun မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media