သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် က ထုတ်ပြန်သည်။
အောက်တိုဘာလ ၆ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ် ၊ သာစည်ကျေးရွာအနောက်ဘက်ရှိ အကြမ်းဖက် စစ်ကော်မရှင်(စကမ)၏ ထောင်ကြီးကွင်းနှင့် ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်(စကမ)၏ ရဲစခန်းမှ ရဲ ၃ ဦးသေဆုံးသည့်အပြင် ထောင်ကြီးကွင်းအတွင်းရှိ အဆောက်အဦးနှင့် ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာ့တပ်တော် BAMAR ARMY၊အမှတ် ၂ စစ်ဦးစီး ကွပ်ကဲရေးရုံးကွပ်ကဲမှု အောက်ရှိ အမှတ် ၅၀၅ တပ်ရင်း HERO BROTHER MONYWA DEFENCE FORCE (HBMY PDF)၊ MOE HEIN DEFENCE FORCE၊ ဖီးနစ်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (LOCAL)၊ TRUTH ARMY နှင့် ရွှေတြိဂံမဟာမိတ်တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media