ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေသော စစ်သားများ ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ သံလွင်မြန်မာဆီဆိုင်၌ ကင်းယူနေ သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ထံမှသ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်က ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေး လမ်း မပေါ်ရှိ အသုံးမပြုတော့သော သံလွင်မြန်မာဆီအဟောင်း၌ အကြမ်းဖက်စစ်ကော်မရှင် ယာဉ်တန်း လုံခြုံရေးကင်းယူနေသည့် အကြမ်းဖက် စစ်သား ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင် ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ချောင်းဦးမြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ အသုံးမပြုတော့တဲ့ သံလွင်မြန်မာလို့ ခေါ်တဲ့ ဆီဆိုင်မှာ ကင်းယူ ထားတာ၊ သူတို့က ကင်းအရှင်ယူတာ၊ တပ်စွဲထားတာမဟုတ်ဘူး။ လမ်းကြောပေါ်မှာ လှုပ်ရှားမှုရှိတဲ့ အခါ၊ ယာဉ်တန်းရှိတဲ့အခါတိုင်း အဲဒီနေရာမှာ ကင်းတက်ယူတာ။ ၄ ဦးပဲရှိတာ၊ ရဲဘော်တွေအားလုံး အေးအေးဆေးဆေးပါပဲ” ဟု ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်သားအလောင်း ၃ လောင်း၊ ဆိုင်ကယ် ၄ စီး၊ BA 63 အမျိုးအစား သေ နတ် ၃ လက်၊ ၉ မမ ကျည် ၄၉၄ တောင့်၊ ၇.၆၂ မမ ကျည် ၆၅၂ တောင့်၊ ကျည်ကာဦးထုပ် ၃ လုံး၊ BA 63 ကျည်ဘောက် ၁၀ ခု၊ BA 94 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် Special Force 11 (LPDF) တို့ ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်ပြီး တော်လှန် ရေး ရဲဘော်များ ဘေးအန္တရာယ်ကင်း စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့အရှေ့ဘက်သို့ အကြမ်းဖက်စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း KIA စစ် ရေးသတင်းရင်းမြစ်ထံက သိရသည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့၊...