ပုလောမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ဆုငွေများချီးမြှင့်ကာ ကောင်း မွန်စွာ စောင့်ရှောက်ပေးထား

ပုလောမြို့နယ်တွင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးကို ဆုငွေများချီးမြှင့်ကာ ကောင်း မွန်စွာ စောင့်ရှောက်ပေးထား

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၂ ဦးအလင်းဝင်လာသဖြင့် ဆုငွေများချီးမြှင့် ကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သား အသက် ၂၉ နှစ်အရွယ် ကိုသိုင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) ၊ တပ်မဟာ ၄ တပ်ရင်း ၇ ၊ KNDO တပ်ခွဲ ၂ လက်အောက်ခံ တောကြီးမြွေဟောက်​တပ်ဖွဲ့ (king Cobra Force) ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၀၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သား အသက် ၁၉ နှစ်အရွယ် ရဲသီဟသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခုတို့နှင့်အတူ တောကြီးမြွေဟောက်တပ်ဖွဲ့ (King Cobra Force) တပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ကိုသိုင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က စစ်သားများက ဖမ်းဆီးကာ မြိတ်မြို့သို့ ပို့ဆောင်ခံခဲ့ရသူဖြစ်ပြီး ရဲသီဟမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က အတင်းအဓမ္မဖမ်းဆီးခံရကာ မြိတ်မြိုသို့ပင် ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သားများကို တောကြီးမြွေဟောက်တပ်ဖွဲ့ (King Cobra Force) မှ ထိုက်တန်သော ဆုကြေးငွေများချီးမြင့်၍ ကောင်းမွန်စွာစောက်ရှောက်ပေးထားကြောင်း အသိပေးထားသည်။

အကြမ်းဖက်အာဏာရှင်စစ်ကောင်စီတပ်မှ စစ်မှုထမ်းများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံ၍ အလင်း ဝင် ရောက်လိုပါက တောကြီး​မြွေဟောက် (King Cobra Force) တပ်ဖွဲ့ အပြင် သက်ဆိုင်ရာနယ်မြေ အသီးသီးရှိ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်၍ အလင်းဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁...