ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

ပြည်သူ့စစ်တွေသေပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ်ချောင်းပဲ ကုန်သည်ဟု စစ် ဗိုလ်များက ခြိမ်းခြောက်၊ တပ်ရင်းများတွင်လည်း မူးယစ်ဆေးဝါးရောင်းချနေ (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၉

ပြည်သူ့စစ်မှုထမ်း – ပစ စစ်သားများ သေဆုံးပါက စာရွက်ဖြူတစ်ရွက်နှင့် ၃၀၀ တန်ဘောပင်တစ် ချောင်း သာ ကုန်သည်ဟု စစ်ဗိုလ်များက ခြိမ်းခြောက်လျက်ရှိပြီး တပ်ရင်းအတွင်း၌လည်း မူးယစ် ဆေးဝါးများ ရောင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောကြား သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း တသ အောင်ကိုကိုဟိန်းက ထိုသို့ ဝန်ခံထွက်ဆိုထားခြင်းဖြစ်သည်။

“၅၁၈ ကတပ်ရင်းမှူးဆို ထွက်ပြေးတဲ့ ပစ တွေကို သတ်ပစ်တယ်။ပြီးရင်စစ်မြေပြင်မှာကျတယ်ဆိုပြီး သူတို့စကားလုပ်တာ။သူတို့က ပြောထားတာ မင်းတို့ထွက်ပြေးလို့ မိုင်းနင်းနင်း၊သေသေ စာရွက်ဖြူ တစ်ရွက်နဲ့ ဘောပင် ၃၀၀ တန်တစ်ချောင်းပဲကုန်တယ်ဆိုပြီး ဒုတပ်ရင်းမှူးက ပြောထားတယ်။ ကျန် တာ မင်းတို့ကို သိပ်စိတ်မဝင်စားဘူးလို့ အမြဲတစေ ပြောတယ်ဗျ” ဟု တသ အောင်ကိုကိုဟိန်းက ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီတပ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းချပေးနေပြီး မူးယစ်ဆေးကြောင် နေသူ များလည်းရှိကြောင်း သိရသည်။

“ဆေးတွေ ဘာတွေလည်း ခိုးဝယ်သုံးရတယ်ဗျ။ ဆေးက ၁၀၂ က ဝယ်ရတယ်ဗျ။ ရာမတို့ ဘာတို့က တပ်မှာဆိုလည်း ရှိတယ်ဗျ၊ ရယ်နေတဲ့ ကောင်၊ ကြောင်နေတဲ့ ကောင်တွေ အများကြီးပါတယ်။ တချို့ကျတော့လည်း ခုနကလို ရယ်တဲ့ကောင်တွေက ရယ်နေတာ၊ ငိုတဲ့ ကောင်တွေကလည်း ငိုနေ တာ။ ဒါပေမဲ့ သူတို့အိမ်လည်း သူတို့မသိဘူး၊ သူတို့နာမည်တောင် သူတို့မသိတော့ဘူး အဲ့ဒါမျိုး ကောင်တွေ များတယ်ဗျ။” ဟု တသ အောင်ကိုကိုဟိန်းက ထွက်ဆိုထားသည်။

ရှေ့တန်းများတွင် ပြည်သူ့စစ်မှုထမ်း -ပစများကို ရှေ့မှ တက်ခိုင်းပြီး ထိခိုက်သေဆုံးသူများကိုလည်း ထွက်ပြေးပါက ပစ်သတ်ခံရသူများလည်းရှိကြောင်း၊ ထိုသို့ ပစ်သတ်ပြီးနောက် ရုပ်အလောင်းကို ဖြစ်သလိုမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က...