ချောင်းဦးမြို့နယ်၊ သီတင်းကျွတ်လပြည့်ဆုတောင်းပွဲ ဗုံးကြဲခံရမှုကို မျက်ကွယ်ပြုကာ စစ်အုပ်၏ ရွေး ကောက်ပွဲကို ဟန့်တားခြင်း မပြုလုပ်ခဲ့ပါက စစ်အုပ်စုက အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြှင့်ပြုလုပ် လာနိုင်ဟု NUG သတိပေး

ချောင်းဦးမြို့နယ်၊ သီတင်းကျွတ်လပြည့်ဆုတောင်းပွဲ ဗုံးကြဲခံရမှုကို မျက်ကွယ်ပြုကာ စစ်အုပ်၏ ရွေး ကောက်ပွဲကို ဟန့်တားခြင်း မပြုလုပ်ခဲ့ပါက စစ်အုပ်စုက အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြှင့်ပြုလုပ် လာနိုင်ဟု NUG သတိပေး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ၌ ပြုလုပ်သည့် သီတင်းကျွတ်လပြည့်ဆုတောင်းပွဲ ဗုံးကြဲ ခံရမှုကို မျက်ကွယ်ပြုကာ စစ်အုပ်၏ ရွေး ကောက်ပွဲကို ဟန့်တားခြင်း မပြုလုပ်ခဲ့ပါက စစ်အုပ်စုက အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြှင့် ပြုလုပ်လာမည်ဖြစ်ကြောင်း NUG အစိုးရက သတိပေးလိုက် သည်။

အောက်တိုဘာလ ၆ ရက်ညပိုင်းက ချောင်းဦးမြို့နယ်၊ ဘုံတိုရွာရှိ မူလတန်းကျောင်း၌ အတုအယောင် ရွေးကောက်ပွဲကိုအလိုမရှိကြောင်း ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲနှင် သီတင်းကျွတ်လပြည့် ည ဆီမီးပူဇော် ဆုတောင်းပွဲ ကျင်းပပြုလုပ်နေစဉ် အကြမ်းဖက်စစ်အုပ်စု၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသည့် Paramotor ဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုသို့ ကြဲချတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများကို ကယ်ထုတ်ကာ ဆေးကုသနေစဉ် ည ၁၁ အချိန် ၌ အကြမ်းဖက်စစ်အုပ်စုက ထပ်မံ၍ Paramotor ၂ စီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကို စာသင် ကျောင်းပေါ်တည့်တည့်သို့ ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ဗုံးကြဲသတ်ဖြတ်မှုကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် ၃ ဦး၊ အ မျိုးသား ၁၄ ဦး (သပိတ်ဦးဆောင်ကော်မတီမှ လူငယ်အမျိုးသား ၄ ဦးအပါအဝင်) နှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၉ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် အသက် (၂) နှစ်အရွယ် က လေးငယ် တဦး ပါဝင်ပြီး ကိုယ်လက်အင်္ဂါများ ပြတ်ထွက်သေဆုံးခဲ့ရခြင်းကြောင်း သိရသည်။

ထို့ အပြင် အသက် (၁၈) နှစ်အောက် ကလေးငယ် စုစုပေါင်း အယောက် ၂၀ ၊ အမျိုးသား ၁၃ ဦး၊ အ မျိုး သမီး ၇ ဦး စုစုပေါင်း အရပ်သားပြည်သူ အယောက် ၄၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျောင်းဆောင် ၂ ဆောင်၊ မော်တော်ယာဉ် ၁ စီး၊ ဆိုက်တွဲ ၂ စီး၊ ဆိုင်ကယ် ၄ စီးနှင့် အုတ်ရေကန် ၁ ကန်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ကောက်ခံရရှိသော စာရင်းအချက်အလက် အရ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာရှိ မူလတန်းကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက် ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၅ ဦး စာရင်းရရှိထားပြီဖြစ်ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သေဆုံးသွားသော ပြည်သူများသည်ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည် သူများ ဖြစ်ကြပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအား အလိုမရှိ ကြောင်း ဆန္ဒဖော်ထုတ်ခြင်းနှင့် သီတင်းကျွတ်လပြည့်နေ့အတွက် ဆီမီးထွန်းဆုတောင်းရန် ပြုလုပ် နေချိန်ဖြစ်ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်ရန် ဖိအားပေးကြိုးပမ်းမှုများ ပြုလုပ် နေသလို တဖက်တွင်လည်း အကြမ်းဖက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေကာ စစ်ရာဇဝတ်မှုများ ကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲနီးကပ်လာလေလေ မြင့်တက်လာလေလေဖြစ်သည့် အကြမ်းဖက်မှုများကို မျက်ကွယ် ပြုပြီး အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကို ထောက်ခံအားပေးရန် ကြိုးစားနေသည့် နိုင်ငံ တကာနှင့် ပြည်တွင်းပြည်ပမှ အုပ်စုများ အနေဖြင့် အဆိုပါဖြစ်ရပ်ကို မျက်ကွယ်ပြုထား၍ အကြမ်း ဖက်စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲကို တားဆီးဟန့်တားမှု မပြုလုပ်ခဲ့ပါက အကြမ်းဖက် စစ် အုပ်စုက အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြှင့် ပြုလုပ်လာမည်ဖြစ်ကြောင်း သတိပေးထားသည်။

အာဏာတည်မြဲရေးကိုသာဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီးနှင့် ဘာသာရေးအထွဋ် အမြတ် ထားရာနေ့ရက်များပါမကျန် အကြမ်းဖက်ရက်စက်နေသည့် စစ်အုပ်စုက ကျူးလွန်ထားသော စစ် ရာဇဝတ်မှုများကို အရေးယူခံရနိုင်ရေးအတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ် သိမ်းခြင်းနှင့် ပစ်မှတ် ထား ဒဏ်ခတ်အရေးယူမှုများက စစ်အုပ်စု၏ အသက်သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ် ပြီးညီညွတ်လျှင် မြန်မာ စစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း JFM အသိပေး

စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ် သိမ်းခြင်းနှင့် ပစ်မှတ် ထား ဒဏ်ခတ်အရေးယူမှုများက စစ်အုပ်စု၏ အသက်သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ် ပြီးညီညွတ်လျှင် မြန်မာ စစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း JFM အသိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ စစ်တပ်ဆက်နွှယ် စီးပွားရေးလုပ်ငန်းများမှ ဒေါ်လာသန်းရာချီသော ရင်းနှီးမြှုပ်နှံမှုများ ပြန် လည်ရုပ် သိမ်းခဲ့ကြသလို၊ ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုများကလည်း စစ်အုပ်စု၏ကမ္ဘာလုံးဆိုင်ရာအသက် သွေးကြောများကို ဖြတ်တောက်ပေးနေပြီဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာ စစ်ရာဇ ဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်မည်ဖြစ်ကြောင်း Justice For Myanmar က ယမန်နေ့...