KNU News

KNU News

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရ၊ နေအိမ် ၈ လုံးကို စစ်သားများက မီးရှို့ဖျက်ဆီး

 

D Day News

မေလ ၁၂

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒေါ့ဖားခို(သံတောင်ကြီး) မြို့နယ်၊ သထုံမြို့နယ်နှင့်နဘူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက် နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံးကိုလည်း စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

မေလ ၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က တောင်ငူခရိုင်၊ သံတောင်ကြီး(ဒေါ့ဖားခို)မြို့နယ်၊ ကလေ့လို အရှေ့ဘက်ခြမ်းဒေသရှိ ဘဲခလေးခိုကျေးရွာနှင့် သေ့ခူဒဲကျေးရွာတို့အတွင်းသို့ အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကြဲ တိုက် ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် သေ့ခူဒဲကျေး ရွာ ဘုရားကျောင်းနှင့် ၎င်းအနီးရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မေလ ၈ ရက် ည ၉ နာရီ ၄၄ မိနစ်အချိန်တွင် သထုံမြို့နယ်၊ မိကျောင်းအိုကျေးရွာအတွင်းသို့ အကြမ်း ဖက်စစ်ကောင်စီ၏ ခမရ ၉ တပ်စခန်းမှ လက်နက်ကြီးဖြင့် ၄ လုံးပစ်ခတ်တို်ကခိုက်ခဲ့ရာ ကျွဲတစ် ကောင်သေဆုံးပြီး နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၀ ရက် နံနက် ၁၀ နာရီခန့်ကလည်း ဖားအိုင်ခရိုင်၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၉၇ နှင့် ခလရ ၂၃၀ တပ်ရင်းမှ စစ်သားများသည် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ့နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ ကာတန်ဖိုး သိန်းတစ်ထောင့်ရှစ်ရာရှစ် ဆယ့်ကိုးသိန်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ယခုကဲ့ သို့ လူ့အခွင့်အရေးချိုးဖောက်မှုများအား နေစဉ်ရက်ဆက်ကျူးလွန်လျက်ရှိသဖြင့် ကော်သူးလေ အုပ် ချုပ် နယ်မြေအတွင်းနေထိုင်သော ပြည်သူလူထုများမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများအား ခံစားနေရပြီး ပြည်သူလူထုအမြောက်အများမှာလည်း နေရပ်ကိုစွန့်ခွာကာ ထွက် ပြေးတိမ်းရှောင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော်များအပါအဝင် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ် ၂၃ ရက်...