ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်း ဖက်စစ်သား အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် စိုင်ဒူးကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများ ရုတ်တရက်ထွက်ပြေးတိမ်းရှောင်နေခဲ့ ရကြောင်း သိရသည်။

ထိုသို့ ကျေးရွာနေပြည်သူများ ထွက်ပြေးနေစဉ် ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံးနှင့် ဆောက်လုပ် ရေး ဝန်းအတွင်းရှိ အဆောက်အအုံတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အင်အား ၁၀၀ လောက်နဲ့ သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကို ဝင်လာတာ။ ကုန်ကားတွေကို ကာဗာယူပြီး ဝင်လာတာ။ ရွာသူ၊ ရွာသားတွေ ရုတ်တရက်ထွက်ပြေးကြရတယ်။ ပြည်သူတွေ ဖမ်း ဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူး။” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို ဖောက်ထွင်း ပြီး ရိက္ခာ၊ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူကာ ညနေ ၄ နာရီခန့်တွင် ဂန့်ဂေါမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်တပ်က မီးရှို့သွားသော နေအိမ်၊ အဆောက်အအုံများ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ် သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က လယ်မူလား (ပုလော)မြို့နယ်အတွင်း၌ အကြမ်းဖက်တပ် ခလရ-၁၀၁ တပ်ရင်းမှ...