ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၈

တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ် သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

အောက်တိုဘာလ ၆ ရက်နေ့က လယ်မူလား (ပုလော)မြို့နယ်အတွင်း၌ အကြမ်းဖက်တပ် ခလရ-၁၀၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၁ ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၄ ခုနှင့် ကျည်ဆံများယူဆောင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မ ဟာ ၄ ၊ K.N.D.O တပ်ရင်း ၇ ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ခဲ့သည့် စစ်သားသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ အတင်းအဓမ္မဖမ်းဆီးကာ စစ်သားအဖြစ် စုဆောင်းခံရသူဖြစ်ကြောင်း သိရသည်။

‎အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အကြမ်းဖက်စစ်တပ် အတွင်းမှ တပ် သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အ လင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်း ထားသည်။

‎Photo – K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇)၊ ထံသို့ ထပ်မံအလင်းဝင် ဘက်ပြောင်းခိုလှုံသည့် အာဏာသိမ်းတပ်သား(၁)ဦး။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...