မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော မိုင်းငေါ့မြို့ ရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ ၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်ရှိ ရဲစခန်းရှေ့ကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံး၊ ဈေးရပ်ကွက်အတွင်းသို့ ရော့ ကတ် ဗုံးသီး ၂ လုံး၊ တာလုံရပ်ကွက်အတွင်းသို့ ရော့ကတ် ဗုံးသီး ၂ လုံး တို့ကို အသုံးပြုပြီး အကြမ်း ဖက် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၀ နှစ်အရွယ်ရှိ ဒေါ်လှရီ၊ အသက် ၅၆ နှစ်အရွယ် ဦးရွှေ ဟုန်း ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ်ရှိ မထွေးထွေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတင်မောင်အေးတို့ ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ကလည်း မိုင်းလုံမြို့နယ်၊ မန်ဟုန်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂)လုံး ကြဲချတိုက် ခိုက်ခဲ့ရာ ကလေး (၁) ဦးအပါအဝင် ပြည်သူလူ (၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် နေအိမ် (၆)အိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန် လျက်ရှိ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ် သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က လယ်မူလား (ပုလော)မြို့နယ်အတွင်း၌ အကြမ်းဖက်တပ် ခလရ-၁၀၁ တပ်ရင်းမှ...