သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၁၅၀ ကျော် သေဆုံးထားကာ လက်နက်ဖြင့်အလင်းဝင်ရောက်သူများလည်း ရှိကြောင်း ကျားသစ်နက် စစ်ကြောင်းနှင့် Justice Soldier တပ်ဖွဲ့တို့က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ မြဝတီမြို့နယ် လေးကေကော်မြို့သစ်ဘက်သို့ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း ၊ နည်းပညာမြင့် Droneများ ၊ Missile (ဒုံးကျည်များ) ၊ လက်နက် ကြီးပစ်ကူ အမြောက်များ အသုံးပြုကာ လေးကေ့ကော်မြို့ မြောက်ဘက် နှင့် အရှေ့မြောက်ဘက်ရှိ မယ်ထော်သလေး ၊ ပဟိကလော် ၊ ထီးမယ်ဝါးခီးလမ်းကြောင်းတို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်တပ်မှ ထိခိုက်သေဆုံးသူ ၁၅၀ ကျော်သေဆုံးကာ Justice Soldier တပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်းနှင့် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက် ၊ ခဲယမ်းများနှင့်အတူ အလင်း ဝင်ရောက်လာ သည့် စစ်သားအများအပြား ရှိနေပြီး စစ်မှုထမ်းတပ်သားများကို အင်အားထပ်ဖြည့်ကာ ဆက်လက် ပို့ဆောင်နေသောကြောင့် လေးကေ့ကော်မြို့သစ်အတွင်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ် ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို KNU/KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘရာစစ်ကြောင်း ၊ ဗွီနွန်စစ်ကြောင်း နှင့် Justice Solider စစ်ကြောင်း များ ပူးပေါင်း ကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များတွင် မူးယစ်ဆေးဝါများ ကျွေးကာ အသေခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးသူအများစုမှာ စစ်မှု ထမ်းတပ်သားများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကာ အလင်းဝင် ရောက်ကြပါရန်နှင့် ထိုသို့ အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media