KNDF News

KNDF News

နွေဦးတော်လှန်ရေးကာလ အသက်မပြည့်သေးသည့် ရဲဘော် ၇၀ ရာခိုင်နှုန်းနှင့် ရဲဘော်သစ်များ ပူးပေါင်းပြီး KNDF ဗျူဟာ ၇ တွင် အမှတ် ၂၈ တပ်ရင်းတစ်ခု တိုးချဲ့ဖွဲ့စည်း

 

D Day News

မေလ ၁၂

 

ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့၊ ဗျူဟာ အမှတ် ၇ တွင် နွေဦးတော် လှန်ရေးကာလ အသက်မပြည့်သေးသည့် ရဲဘော် ၇၀ ရာခိုင်နှုန်းနှင့် ရဲဘော်သစ်များ ပူးပေါင်းပြီး အမှတ် ၂၈ တပ်ရင်း (KNDF/B-28) တစ်ခုကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 

မေလ ၂ ရက် နေ့က  စစ်သင်တန်းဆင်း ရဲဘော်၊ ရဲမေများ၊ နွေဦးတော်လှန်ရေး အစ ကာလတွင် စစ် ရေး တာဝန်ထမ်းဆောင်လိုသော်လည်း အသက်မပြည့်သေး သဖြင့် ပါဝင်နိုင်ခြင်းမရှိခဲ့သည့် ရဲဘော်၊ ရဲမေများ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNDF တပ် ရင်း ၂၈ တွင် နွေဦးတော်လှန်ရေးကာအစ တာဝန်ထမ်းဆောင်ခွင့် မရရှိခဲ့သည့် ရဲဘော်၊ ရဲမေ ၇၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း၊ KNDF B -28 တပ်ရင်းအနေဖြင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦးစီဌာနမှ စစ်ရေး၊ နိုင်ငံရေးလမ်း ညွှန်မှုကိုခံယူပြီး စစ်အာဏာရှင်စနစ်ကို တိုက်ခိုက် တွန်းလှန် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၈ – KNDF/B-28 သည် စတင်တည်ထောင် သည့် တပ်ရင်းအသစ်ဖြစ်သဖြင့် လိုအပ်ချက်များစွာ ရှိနေသောကြောင့် မိဘပြည်သူများအနေဖြင့် နိုင်သည့်ဘက်မှ ကူညီအားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အာဏာရှင်စနစ်ကို အမြစ်ပြတ် သည် အထိ ခုခံတွန်းလှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၂၈ တပ်ရင်း KNDF B -28 ရဲဘော်များက ကတိသစ္စာပြုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော်များအပါအဝင် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ် ၂၃ ရက်...