တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၇

တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ စည်း) ၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အသိပေး ထားသည်။

“တော်လှန်ရေးအပေါ်ရှေးရှုပြီး လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေရဲ့ အကြံပြု၊ ဝေဖန်အခံ ရဆုံး အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်အနည်းစုဟာ တကယ် အလုပ်လုပ်နေကြသူ တွေပါ။ တကယ်အလုပ်လုပ်နေသူတွေကမှ အလုပ်ရဲ့သဘောတရား၊ အတွေးအမြင်တွေ ထွက်ပေါ် လာပြီး ထွက်ပေါ်လာတဲ့ရလဒ်ကိုမှ လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေက အတွေးအမြင်စုံ၊ ရှုထောင့်မျိုးစုံကနေ ​​ကြိုက်၏၊ မ​ကြိုက်၏ ကိုအကြံပြု​၊ ဝေဖန်ကြတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဘာ အလုပ်မှမလုပ် (သို့) ရလဒ်တခုခုထွက်မလာရင် လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာတွေ အနေနဲ့ ဘာတခုမှ အကြံပြုဝေဖန်လို့ရမှာမဟုတ်ပါဘူး။” ဟု ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပါက ပါဝင်လာသည့် သူများသည် တော်လှန် ရေးကာလအတွင်း အမှန်တကယ်အလုပ်လုပ်နေသောကြောင့် ပါဝင်လားခြင်း ဟုတ်မဟုတ်၊ အလုပ် မလုပ်သော်လည်း သိနေခြင်း ဟုတ်မဟုတ် စိစစ်ရန် လိုအပ်ပါကြောင်း အကြံပြုထားသည်။

“အစိုးရကိုပြုပြင်ပြောင်းလဲရေးတို့ ပြင်ဆင်ရေးတို့လုပ်ကြတဲ့အခါမှာ အမျိုးသားညီညတ်ရေး အစိုးရ တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ၊ စာရင်းထဲမှာ ပါပေမဲ့ လူထု၊ တတ်သိပညာရှင်တွေနဲ့ မီဒီယာ တွေကရော သူတို့ကို သိကြရဲ့လား။ သိတယ်၊ မသိဘူးအပိုင်းမှာလည်း တော်လှန်ရေးကာလအတွင်း အလုပ်လုပ်နေလို့သိတာလား၊ အလုပ်မလုပ်နေလို့ သိတာလား၊ အစရှိသဖြင့် စနစ်တကျစီစစ်ဖို့ လေး စားစွာအကြံပြုပါတယ်။” ဟု ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က တိုက်တွန်းထားသည်။

Thanlwin Myanamr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူ နစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှု ကော်မတီဖွဲ့စည်း

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူ နစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှု ကော်မတီဖွဲ့စည်း

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူနစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၇က် နေ့တွင် ထုတ်ပြန်သည်။ မန္တလေးဒေသ တော်လှန်ရေးစိုးမိုးနယ်မြေ၊ ပြင်ဦးလွင်ခရိုင်အတွင်း နေထိုင်ကြသော...