စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူ နစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှု ကော်မတီဖွဲ့စည်း

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူ နစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှု ကော်မတီဖွဲ့စည်း

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၇

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရန်နှင့် မန္တလေးဖက်ဒရယ် ယူနစ်တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၇က် နေ့တွင် ထုတ်ပြန်သည်။

မန္တလေးဒေသ တော်လှန်ရေးစိုးမိုးနယ်မြေ၊ ပြင်ဦးလွင်ခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများ ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အသိပညာ၊ သဘောတရားရေးရာ ပြည့်ဝစွာဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဆန့်ကျင် တော်လှန်ရေးတွင် ပိုမို ထောက်ခံပါဝင်လာစေရေး မျှော်မှန်းလျက် ပြင်ဦး လွင်ခရိုင် လူထုလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းလိုက်ဖြစ်ကြောင်း အသိပေးထားသည်။

ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ အနေဖြင့် ဒေသအတွင်း လူထုအသိပညာပေး စည်းရုံးရေး နှင့် လူထုလှုပ်ရှားမှုများ အားကောင်းလာစေရန်၊ စစ်အုပ်စု၏အတုအယောင် ရွေးကောက်ပွဲအား လူ ထုဆန္ဒ မပါဝင်ကြောင်း သပိတ်မှောက် ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဖော်ဆောင်ရန်၊ ဒေသအ တွင်း ပြည်သူလူထုများ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုများတွင် ပိုမို ပါဝင်ရန် ၊ မန္တလေးဒေသ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးတွင် အထောက်အပံ့ဖြစ်စေရန်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ ညီညွတ် စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဦးတည်ရည်ရွယ်ကာ ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီသည် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင် အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC-Mdy) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

တော်လှန်ရေးအပေါ်ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည်အမှန်တကယ် အလုပ်လုပ်နေသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ တော်လှန်ရေးအပေါ် ရှေးရှု၍ အဝေဖန်ခံရဆုံး NUG အစိုးရ ၊ တာဝန်ရှိပုဂ္ဂိုလ်အချို့သည် အမှန်တ ကယ်အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရ- NUG နှင့် ပတ်သက်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ အ...