Myinmu News

Myinmu News

မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် ကြေးနီတင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်

 

D Day News

မေလ ၁၂

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ အကြမ်းဖက်စစ်ကောင် စီ၏ ကြေးနီတင်ဆောင်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ထံမှ သိရသည်။

 

မေလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်အချိန်က မုံရွာမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင် စီ၏ ကြေးနီများတင် စစ်ယာဉ်တန်းကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပရွာအကြား အရောက် မိုင်းဆွဲ ၍ လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် အနီးကပ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားများမှာ အရှိန် ကုန် မောင်းနှင်ပြေးသွားကြောင်း သိရသည်။

 

ထို့သို့ ကြေးနီတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန် လည်ဆုတ်ခွာလာစဉ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်း စစ်သားများနှင့် ထိပ်တိုက် တွေ့ရှိခဲ့ရာ အပြန်အလှန် ပစ်ခက်တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူး။ ကြေးနီတင်ကာားတွေက အတင်းမောင်းပြေးသွားကြတာ၊ ကင်းပုန်းနဲ့တိုးတော့ ခွေးတွေဘက်က လက်နက်ကြီးတွေရောပါ ပစ်ခတ်တာရှိတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) ၊ ဇေယျာ ရွှေမြေ ၊ မြင်းမူဖိုက်တာ၊ အနောက်ခြမ်း ပ.က.ဖ နှင့် မြင်းမူမြို့နယ် ရပ်ကျေး ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး သံဃာတော်များအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွန်စလမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး သံဃာတော်များအပါအဝင် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ် ၂၃ ရက်...