သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၆
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကြံ့ဖွတ်အမတ် နိုင်ဦး၏နေအိမ်အပါအဝင် နေအိမ် ၁၀ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါစွန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ခဲ့ပြီး ရွာသားများကို ဖမ်းဆီးခြင်း၊ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးကာ တန်းဖိုးကြီး ရွှေ၊ ငွေများကို အတင်းအဓမ္မ လူဆောင်ခြင်းတို့လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ဝက်ချောင်းကျေးရွာမှ တဆင့် ခမောင်းချောင်းကျေးရွာသို့ ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးခြင်း ၊ နေအိမ်၊ ဈေးဆိုင် များကို ဖောက်ထွင်ဖျက်ဆီးကာ အတင်းအဓမ္မယူဆောင်ခြင်းတို့ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
ထို့နောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဧကနိကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်မှစတင်ပြီး အောက်တိုဘာလ ၁ ရက် ညနေ ၆ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးကာ သေဆုံးစစ်သားများကို ပြည်သူ့နေအိမ် များအတွင်း ထည့်သွင်းပြီး မီးရှို့ခဲ့ရာ ပြည်သူ့နေအိမ် ၁၀ လုံးမီးလောင်ပြာကျခဲ့ပြီး နေအိမ်အချို့ကို လည်း စစ်သားများက ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် ပြည်သူ့ နေအိမ်များအတွင်း ကျန်ရှိနေခဲ့သည့် စစ်သားအလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က သင်္ချိုင်းသို့ ရွေ့ပြောင်းကာ မီးသင်္ဂြိုလ်ပေးခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ အကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ် ၁၀ လုံးတွင် ကြံ့ဖွတ်ပါတီ အမတ် ပျူစောထီး နိုင်ဦးနေအိမ်အပါအဝင် ကြံ့ဖွတ်ထောက်ခံသော နေအိမ် ၅ လုံးပါဝင်ခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါနတပ်ရင်း ၊ တပ်ခွဲ-၆ ၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ ၊ ထားဝယ်ခရိုင် တပ်ပေါင်းစု ၊ ရေဖြူမြို့နယ် အခြေစိုက် မဟာမိတ်ပူးပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃ ဦးအနည်းငယ် (မစိုးရိမ်ရ)ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media