သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက် ၇ နာရီ ၄၂ မိနစ်က တအာင်း ပြည်၊ တပ်မဟာ ၂ နယ်မြေ ၊ သီပေါမြို့၊ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးဝန်းအတွင်းကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အသက် ၁ နှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက် ၂၃ နှစ်အရွယ် ဦး သောနနှင့် အသက် ၂၆ နှစ်အရွယ် ဦးပတူးတို့ ထိခိုက်ဒ်ရာရရှိခဲ့ပြီး မိုက်ခရိုဝေ့ပ်အဆောက်အဦးနှင့် ပြည်သူ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းက သီပေါ မြို့ မန်ဟဲရွာ၊အုံမုကျေးရွာကိုလည်း ကောင်း၊ ညနေပိုင်းတွင် မြိုတွင်းဇာတ်စုရပ်ကွက်နှင့် ကျင်သီကျေးရွာကိုလည်းကောင်း၊ အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျင်သီကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုအပြင် ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၁၃ လုံး လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက် ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း ကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပဲခူးခရိုင်ပကဖ ကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ လွှဲပြောင်း အပ်နှံ

ပဲခူးခရိုင်ပကဖ ကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ လွှဲပြောင်း အပ်နှံ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ပဲခူးခရိုင် ပကဖ က ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနလက်အောက် သို့ လွှဲပြောင်းပေးလိုက်ကြောင်း ပဲခူးခရိုင်ပကဖက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က KNU တပ်မဟာ ၁ နယ်မြေတွင် ပဲခူးခရိုင်ပကဖက ဖွဲ့စည်း ထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို...