Daik U Jail News

Daik U Jail News

ဒိုက်ဦးအကျဉ်းထောင်တွင် လုံလောက်သည့် ဆေးကုသခွင့်မရသဖြင့် ၃ လအတွင်း နိုင်ငံရေး အကျဉ်း သား ၃ ဦး သေဆုံး

 

D Day News

မေလ ၁၂

 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးအကျဉ်းထောင်တွင်း၌ ဆေးကုသခွင့် လုံလောက်စွာမရရှိသဖြင့် ၃ လအတွင်း နိုင်ငံရေးအကျဉ်းသား ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်း သားများ ကွန်ရက်(PPNM) ထံမှ သိရသည်။

 

မေလ ၈ ရက် ည ၈ နာရီအချိန်ခန့်က နိုင်ငံရေးအကျဉ်းသား အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်း ထွန်းသည် စစ်ကြောရေးအတွင်း ရိုက်နှက်ညှင်းပန်းနှိပ်စက်ခံရသည့် အပြင်းအထန် ဒဏ်ရာဖြင့် သေ ဆုံး သွားခြင်း ဖြစ်ပြီး မေလ ၇ ရက်နေ့ကစတင်ပြီး ကျန်းမာရေးအပေါ်ဖြစ်နေချိန် ဆေးကုသခွင့်ရရန် အကျဉ်း ထောင်အာဏာပိုင်များကို အကြာခဏတောင်းခံခဲ့သော်လည်း ခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ထိုသို့ ထောင်အာဏာပိုင်များထံ ဆေးကုသခွင့်တောင်းရင်း နောက်ဆုံးသေခါနီးအချိန်ရောက်မှ ထောင်ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသခွင့် ပေးခဲ့သဖြင့် ပို့ဆောင်ကုသခဲ့သော်လည်း အချိန်မီခြင်းမရှိပဲ မေလ ၈ ရက် ည ၈ နာရီအချိန်တွင်ထောင်ပြင်ပ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေ ပြည်တော်၊ လယ်ဝေးမြို့သားဖြစ်ပြီး ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံ ထားရသူ ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ ဒိုက်ဦးအကျဉ်းထောင်အတွင်း (၃) လတာ ကာလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးသူနိုင်ငံရေး အကျဉ်းသား (၃) ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ပုဒ်မ၅၀၅(က)/၁၄၂ ဖြင့် ထောင်ဒဏ်(၈)နှစ်အမိန့်ချမှတ်ခံထားရသူ အသက်(၆၈)နှစ်အရွယ် နိုင်ငံရေး အကျဉ်းသား ဦးအေး‌ဝင်းသည် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်လည်းကောင်း၊ ပုဒ်မ၅၀၅ / ၅၂ (က) / ၅၀ (ည) တို့ဖြင့် ထောင်ဒဏ်(၁၄)နှစ်အမိန့်ချမှတ်ခံထားရသူ အသက်(၆၄)နှစ်အရွယ် နိုင်ငံရေး အကျဉ်း သား ဦးခင်စိုးသည် မတ်လ(၆)ရက်နေ့တွင်လည်းကောင်း ကျဆုံးခဲ့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...