သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ စစ်သားမှ ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်သည်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦး သေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲဖြစ်နေစဉ်အတွင်း အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်းသို့ ဒရုန်းဖြင့် ၂ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ ဩဂုတ်လပိုင်းကလည်း ဖာပွန်ခရိုင်အတွင်းကလည်း အကြမ်းဖက် စစ်တပ်နှင့် KNLA အ မှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ဌာနဆိုင်ရာ အဆောက်အအုံ ၁ လုံး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media