တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီးခဲ့ ကြောင်း တန့်ဆည်မြို့နယ် ပကဖ က ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၃၀ မိနစ်နှင့် ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် အစောပိုင်း ၁ နာရီတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာနှင့် သာဂလ ကျေးတို့ကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ၊ Y12 လေယာည်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၈ လုံးပျက်စီးကာ ပြည်သူပိုင် နွား ၆ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများကို လိုက်နာပေးကြပါရန်နှင့်အထူးဂရုစိုက်နေထိုင်ပေးကြပါရန် တန့်ဆည်မြို့ နယ်ပကဖက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...