စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ကြား ရေလယ်၌ ကျောက်ချထားသော စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်

စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ကြား ရေလယ်၌ ကျောက်ချထားသော စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာနှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ ကြား ရေလယ်၌ ကျောက်ချထားသော စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း Wetlet Informationl Network ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ အ ထက်သို့ ဆန် တက်လာသော စစ်တပ် သံခွန်များ အနက် တိုက်ခိုက်ရေး သင်္ဘော ပထမ အစီးသည် မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာနှင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာကြား ကျောက်ချထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။

အလားတူ ဒုတိယ အကြိမ်ထွက်လာသည့် ကမ်းထိုး စစ်သင်္ဘော ၂ စီးနှင့် ဖလက်သင်္ဘော ၂ စီးတို့ သည် ကျွန်းဆင်ရွာ အောက်ဘက်၌ လည်းကောင်း၊ ရပ်တန့်ထားကာ သံခွန်အသေး သင်္ဘော ၁ စီး ပေါ်ပါ စစ်သားများက မင်းကွန်းရဲစခန်းအတွင်းသို့ အဝင်အထွက်လုပ်ဆောင်နေကြောင်း သိရသည်။

“သံခွန်တွေက မန္တလေးကို ကာချင်တဲ့အနေအထားပါ၊ မင်းအောင်လှိုင်က မန္တလေးကို ရောက်နေတဲ့ အခါကျတော့ စစ်ရေးအနေနဲ့ ကာကွယ်ရေးပိုင်းလုပ်တာပဲဖြစ်မယ်။ ပြည်သူတွေကတော့ အများကြီး မရှောင်ရဘူး။ သူက အောက်နားမှာဆိုတော့။ မင်းကွန်းရဲစခန်းကို ဝင်၊ ထွက်လုပ်တာကလည်း သက် သက်အင်အားပြတာ။ ခဲယမ်းပို့တာမျိုးတော့ မမြင်ဘူး။ ဝင်တဲ့အင်အားအတိုင်းပြန်ထွက်တယ်လို့ သိရတယ်” ဟု Wetlet Informationl Network မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...