KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ၉ လအတွင်း ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးသေဆုံးပြီး စာသင်ကျောင်း၁၈ ကျောင်း ပျက်စီး ၊ စစ်တပ်၏ ကျူးလွန်မှုကို အရေးယူပေးကြပါရန် တိုက်တွန်း

KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ၉ လအတွင်း ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးသေဆုံးပြီး စာသင်ကျောင်း၁၈ ကျောင်း ပျက်စီး ၊ စစ်တပ်၏ ကျူးလွန်မှုကို အရေးယူပေးကြပါရန် တိုက်တွန်း

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၅

KNU – ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ အကြမ်းဖက်စစ်တပ် က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး သေ ဆုံးကာ စာသင်ကျောင်းပေါင်း ၁၈ ကျောင်း ပျက်စီးခဲ့ကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင် ကျောင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးသေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး၊ ဆရာ၊ ဆရာမ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စာသင်ကျောင်းပေါင်း ၁၈ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွင်း ကရင် ပညာရေးနှင့် ယဉ်ကျေးမှုဌာန (K.E.C.D) မှ ဦးဆောင်ကာ ကော်သူးလေ အုပ်ချုပ်နယ်မြေရှိ စာသင်ကျောင်းပေါင်း ၁,၇၃၈ ကျောင်းကို ဖွင့်လှစ်ထား၍ ကျောင်း သား၊ ကျောင်းသူပေါင်း ၁၄၉,၇၆၂ ဦးအတွက် ဆရာ၊ ဆရာမပေါင်း ၁၁,၉၃၉ ဦးခန့်ထားကာ သင် ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပညာသင်ကြားနေရသော ကျောင်းသား၊ ကျောင်းသူများ ၊ ဆရာ၊ ဆရာမများအနေဖြင့် အ ကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက် လျက်ရှိသောကြောင့် ကြောက်ရွံ့စွာ ပညာသင်ကြားနေရကြောင်း KNU ဗဟိုက ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့ကြောင့် ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းရှိ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေးနှင့် အသက်အန္တရာယ် စိုးရိမ်ရမှုများမှ ကင်း လွတ်စေရန်အတွက် ကူညီပေးကြပါရန်နှင့် စစ်အာဏာရှင်အုပ်စုကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှု များအတွက် ဖိအားပေးမှုနှင့် အရေးယူမှုများ ဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ် ဖက်အဖွဲ့အစည်းများကို ကေအဲန် ယူ–ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...