ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က ရွှေဘိုမြို့၊ တောင်ဘက်မုခ်၊ Good Brother ရုံးမှ ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ စခတ ၈ မှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို တဂဏန်း ကျေးရွာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ကြာမြင့်ခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်ကြောင်းမှာ ရွှေဘိုမြို့တောင်ဘက်မုခ် သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တကက စံထွေးအပါအဝင် ၇ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ် ရာရရှိခဲ့ကာ တပ်ကြပ်အဆင့်ရှိသူ တစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ အပြင် ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MA-1 အမျိုး အစား သေနတ် ၁ လက် ၊ ၆၀မမ အဖူး ၁ ဖူး၊ RPG-7 အဖူး ၂ ဖူး၊ ကျောလွယ်ဂျမ်ဘာ ၁ ခုနှင့် ၅.၅၆ ကျည် အတောင့် ၁၀၀ တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can ၊ ရွှေဘို ခရိုင် အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Northern Tiger Group ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရွှေဘိုမြို့ပေါ်ရှိ ကညန ရုံးနှင့် ရွှေဘိုတ ထပ ၂ မှ ဟောင်ဝှစ်ဇာလက် နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေဘိုမြို့ ကာကြီးကွင်းအနီး အောင်မြေဘုန်းကြီး ကျောင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိုရင် ၄ ပါးပျံလွန်တော်မူပြီး ၈ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေကျင်မြို့တွင် ပြန်လည်တည်ဆောက်နေသော ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် နေ့စဉ်နီးပါးတိုက်ခိုက်၊ သေဆုံးစစ်သားအလာင်းများကို တပ်ရင်းအနီး၌ မြေမြှုပ်ပစ်ကာ သတင်းအစဖျောက် (ရုပ်သံ)

ရွှေကျင်မြို့တွင် ပြန်လည်တည်ဆောက်နေသော ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါ တို့ဖြင့် နေ့စဉ်နီးပါးတိုက်ခိုက်၊ သေဆုံးစစ်သားအလာင်းများကို တပ်ရင်းအနီး၌ မြေမြှုပ်ပစ်ကာ သတင်းအစဖျောက် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၄ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ပြန်လည်တည်ဆောက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ရာ ဂဏန်း နီးပါးသေဆုံးပြီး သေဆုံးစစ်သားများကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကာ သတင်းဖျောက် ထားကြောင်း ပဲခူးခရိုင် ပကဖ...