သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၄
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို နေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခပေါင်းကြိုင်ကျေးရွာမှ စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖ ထံမှ သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့က တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစပ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက တန့်ဆည်မြို့နယ်အတွင်းရှိ တနယ်ရွာကျေးရွာ ဝင်ရောက်မီးရှို့ ခဲ့ရာ နေအိမ် အလုံး ၂၀ ကျော်ပြာကျဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းအကြမ်းဖက်စစ်တပ်ကြောင်းမှ စစ်သားများက ပြည်သူပိုင် နေအိမ်များကို ဖောက် ထွင်း ဝင်ရောက် မွှေနှောက်ကာ ဆန်၊ ဆီ၊ ရိက္ခာများနှင့် တန်းဖိုးရှိပစ္စည်းများကို ခိုးယူပြီး တန့်ဆည် မြို့ အတွင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းကလည်း တန့်ဆည်မြို့ယ်၊ ခပေါင်းကြိုင်ကျေးရွာစာသင်ကျောင်း ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများထိခိုက်မှုမရှိခဲ့သော် လည်း စာသင်ကျောင်းအဆောက်အအုံ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၃ ရက်နံနက်ပိုင်းတွင် တန့်ဆည်-ရေဦး မြို့နယ်အစပ်မှတဆင့် ကန့်ဘလူမြို့နယ် အတွင်းသို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရ သည်။
Thanlwin Myanmar Media