သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၃

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံ ရေး အကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ပင် ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်မှ နိုင်ငံ ရေးအကျဉ်းသား ၁၆ ဦးနှင့် အခြားအကျဉ်းသား ၁၄ ဦး စုစုပေါင်း ၃၀ ဦးသည် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအနက် ၆ ဦးကို ထောင်ဗူးဝ၌ပင် ရဲကားဖြင့် သာယာဝတီရဲစခန်းသို့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ပြန်လည်ဖမ်းဆီးခံခဲ့ရ သည့် နိုင်ငံရေးအကျဉ်းသား ၆ ဦးအနက် ၁ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား ၅ ဦး မှာ နောက်ထပ် အမှုပုဒ်မများဖြင့် ရဲစခန်း၌ အမှုဖွင့်ကာ သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်ကာ ဖမ်းဆီးထားကြောင်း သိရသည်။

ပြန်လည်အမှုတပ် တရားစွဲဆိုခံရသည့် နိုင်ငံသားအကျဉ်းသားများဖြစ်သည့် ကိုစိုင်းအောင်ငင်း ၊ ကို ဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး(ခ)နတ်ဆိုးနှင့် မမေမြတ်သူ တို့ ၄ ဦးသာ အတည်ပြုနိုင်ပြီး ကျန် တစ် ဦး၏ အမည်ကို အတည်ပြုနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် (PPNM) က ထုတ်ပြန်ထားသည်။

ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) များဖြင့် ထောင်ဒဏ်များချမှတ်ခံခဲ့ရကာ ပြန်လည်လွတ် မြောက်လာခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိပြန်လည်ဖမ်းဆီးပြီးနောက် အကြမ်းဖက်ပုဒ်မ ၅၂ ဖြင့် ထပ် မံတရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို မဟုတ်မမှန်သည့် စွပ်စွဲမှုများဖြင့် အကြမ်းဖက်ပုဒ်မများတပ် ကာ ပြန်လည်ဖမ်းဆီးခြင်းသည် အပြစ်မဲ့သူများ၏ လူ့အခွင့်အရေးကို ထိခိုက်စေသည့်အတွက် PPNM အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်း အသိပေးထားသည်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီမှ ပြန်လည်ဖမ်းဆီးမှုများရှိနေသဖြင့် နိုင်ငံရေး အကျဉ်းသားများအပေါ် လူအခွင့်အရေးချိုးဖောက်မှုများ ပေါ်ပေါ်တင်တင်ပြုလုပ်နေမှုများကို လူ့ အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်မှုများပြုလုပ်ကြရန် မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဇီးကုန်းမြို့မရဲစခန်းသိမ်းပိုက်မှုအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ်သား၏ ကိုယ်ဝန်ဆောင် ဇနီးသည်မှ သားယောက်ျားလေး တစ်ဦးမွေး

ဇီးကုန်းမြို့မရဲစခန်းသိမ်းပိုက်မှုအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ်သား၏ ကိုယ်ဝန်ဆောင် ဇနီးသည်မှ သားယောက်ျားလေး တစ်ဦးမွေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၂၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိခဲ့သည့် ရဲတပ် သား၏ ကိုယ်ဝန်ဆောင် ဇနီးသည်မှ သားယောက်ျားလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ...