သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီတစ်ခုအတွင်း မှ ဘက်ဟိုးများကို စစ်သားများက မီးရှို့ဖျက်ဆီးနေကြောင်း ဖားကန့်သတင်းရင်းမြစ်များထံက သိရ သည်။
ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၆ နာရီခန့်ကတည်းက ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ အနီးရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီတစ်ခုမှ ဘက်ဟိုးစက်ကြီးများကို အကြမ်းဖက်စစ်ကောင်စီ တပ်သားများက စတင်မီးရှို့ခဲ့ရာ မီးမှာ နံနက် ၈ နာရီကျော်မှ လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း၊ စက် တင်ဘာလ ၂၃ ရက်နေ့ကလည်း ဘက်ဟိုး ၄၈ စီးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ သေးကြောင်း သိရသည်။
“မီးရှို့နေတာက မနက် ၆ နာရီလောက်ကတည်း ရှို့နေတာ၊ ၈ နာရီကျော်မှ မီးကလောင်တယ်။ ဆန်းကြွယ်ရွာ သိမ်းခံရတုန်းက ၄၈ စီးအရှို့ခံရတယ်။ အခုမီးရှို့ခံရတဲ့ အစီးရေက မသိရသေးဘူး။ ညောင်ပင်ကုန်းအတက်နားက ကုမ္ပဏီတွေဖြစ်ဖို့များတယ်။ ဘတ်ဟိုးတစ်စီးကို အကြမ်းဖျင်း သိန်း တစ်ထောင် ကျော်တန်ကြေးရှိတယ်။ ဆုံးရှုံးမှုဘယ်လောက်များမလဲ တွက်သာကြည့်တော့” ဟု ဖားကန့်သတင်းရင်းမြစ်က ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ငြိမ်သက်နေသော်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုနေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်နေထိုင်ပေးကြရန်လိုအပ် ကြောင်း ဆက်လက်၍ တိုက်တွန်းပြောဆိုထားသည်။
Thanlwin Myanmar Media