ဗန်းမော်တွင် KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရသော တပ်စခန်းတချို့ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၅၀ ကျော်သေဆုံထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ဗန်းမော်တွင် KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရသော တပ်စခန်းတချို့ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၅၀ ကျော်သေဆုံထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရသော စစ်တပ် စခန်းတချို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးထားပြီး တိုက်ပွဲ ဆက် လက် ပြင်းထန်နေဆဲဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ဗန်းမော်မြို့၊ ၃ မိုင်၊ ရွှေ၌ပြည်သာ ၊ KBC ဘုရားကျောင်းကုန်းတို့ကို အ မှတ် ၁၁ တပ်မတော်ဆေးတပ်ရင်း (မဆရ) နှင့် အမှတ် ၅ ဆက်သွယ်ရေးတပ်တို့ စစ်ကြောင်း ၂ ခု ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၆ ရက်အကြာ၌ သိမ်းပိုက်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်ခံရသည့် နေရာများကို KIA ပူးပေါင်းတပ်ဖွဲ့က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအများ အတွင်း စစ်သား ၅၀ ကျော် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗန်းမော် မဆရ-၁၁ ၊ ဆသရ-၅ ဘက်ကနေ စက ၂ ကြောင်းနဲ့ ၆ ရက်ခန့်အကြာ စက်တင်ဘာလ ၂၄ ရက် နေ့က ဆုတ်ခွာပေးလိုက်ရတဲ့ ၃ မိုင်ရွှေပြည်သာ KBC ဘုရား ကျောင်းကုန်းကို မနေ့က ညနေ ပိုင်း မှာ KIA က ပြန်သိမ်းပိုက်လိုက်ပြီ။ ဗန်းမော် တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီတပ်စခန်း အချို့ KIA ပြန်သိမ်း ပိုက်လိုက်ပါတယ်။ စစ်တပ်ဘက်က သေဆုံးမှုများပြားတယ်။ စစ်သား ၅၀ ကျော် လောက်သေဆုံးနိုင်ပါတယ်။” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောကြားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ KIA ပူးပေါင်းတပ်ဖွဲ့များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်း ဖြစ်ပြီး ၁၁ လခန့်ကြာမြင့်သော်လည်း အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ဆက်လက်တိုက်ပွဲပြင်း ထန်နေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ...