သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၃
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းနှင့် ပုသိမ်-မုံရွာလမ်းပိုင်း တိုက်ပွဲများတွင် စစ်သား အများ အပြား သေဆုံးပြီး နတ်ရေကန်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၇ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) က ထုတ်ပြန်သည်။
စက်တင်ဘာလနှင့်ပြီးခဲ့သည့် ဇူလိုင်လများအတွင်းက ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအတွင်းမှ အသုတ်လိုက် ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂၇ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို နိုင်ငံ တကာစစ်သုံ့ပန်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများသည် အကြမ်းဖက်တပ်၏ လက်အောက်ခံ တပ်မ ၉၉ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ၎င်းတို့ကို စ်စတပ်က အဓမ္မပေါ်တာဆွဲ ဖမ်း ဆီးကာ စစ်မှုထမ်းအပတ်စဉ် ၇ မှ ၁၃ အထိ သတင်းတန်းတက်ရောက်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။
PRA-Magway အနေဖြင့် နိုင်ငံအဝှမ်းစစ်ရှိန်မြင့်တက်လာမှုနှင့် ဟန်ချက်ညီစွာ ဒေသတွင်း စစ်ဆင် ရေးများကို ဖော်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းတလျှောက် တွင် လည်းကောင်း၊ ပုသိမ် – မုံရွာလမ်းနှင့် အမ်း – ပဒါန်းလမ်း ကြားဒေသများတွင် လည်းကောင်း စစ်ဆင်ရေးများကို မဟာမိတ်များနှင့် ပူးပေါင်းဖော်ဆောင်နေကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ပွဲအသီးသီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ ထိခိုက်သေဆုံးမှု အများအပြား ရှိကြောင်း PRA-Magway က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media