သံလွင်မြန်မာသတင်း
အောက်တိုလာ ၃
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်မရှင် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သား ၂ ဦးအလင်းဝင်ခဲ့တယ်လို့ PDF Zoland တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့က တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက အသက် ၃၇ နှစ် အရွယ် တပ်ကြပ် ညီညီရွှေ နဲ့ အသက် ၂၂ နှစ်အရွယ် စစ်မှုထမ်းတပ်သား ခိုင်ချိုထူး တို့က MA 4 အမျိုးအစား သေနတ် ၁ လက်၊ MA1 အမျိုးအစား သေနတ် ၁ လက်နဲ ခဲယမ်းတွေယူဆောင်ပြီး PDF Zoland တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အခုလို အလင်းဝင်ရောက်လာခဲ့တဲ့ စစ်ကော်မရှင်တပ်သား ၂ ဦးကို PDF Zoland တပ်ဖွဲ့က ထိုက်သင့် တဲ့ ဂုဏ်ပြုဆုငွေချီးမြှင်ပေးကာ လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင် ပေးထားလို့ သိရပါတယ်။
စစ်ကော်မရှင်တပ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်သားတွေအနေနဲ့ လက်နက်ချအလင်းဝင်ပြီး မိဘ ပြည်သူလူထုနဲ့ ပူးပေါင်းပေးကြဖို့ PDF Zoland ကဖိတ်ခေါ်ထားပါတယ်။
Thanlwin Myanmar Media