ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ ပျူစောထီးကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၂ ဦး သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိ (ရုပ်သံ)

ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ ပျူစောထီးကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ၂ ဦး သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိ (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ ပျူစောထီးကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက် ည ၁၀ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ် ထန်းကုန်းနှင့် ဒန်းပင် ရွာကြားရှိ အုန်းတောရွာ ပျူစောထီး ကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အလစ် အငိုက်လျှပ် တပြက်ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပျူစောထီးများ ကိုင်ဆောင်အသုံးပြုသော G3 အမျိုးအစား သေနတ် ၃ လက် ၊ ကာဘိုင် အ မျိုးအစား သေနတ် ၂ လက် ပြောင်းချောသေနတ်၂ လက်နှင့် ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး တပ်ရင်း ၊ ကန့်ဘလူခရိုင် အမှတ် ၃ (PDF) တပ်ရင်းနှင့် နယ်မြေခံ ပကဖများမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အုန်း​တောပျူရွာသည် အကြမ်းဖက် စစ် အုပ်စုထိန်းချုပ်ထားသည့် ကန့်ဘလူ–ထန်းကုန်း–ကာဘိုး–တန့်ဆည်မြို့နယ် ချင်းဆက် လမ်းပိုင်းတွင် ရှိသည့် ပျူ​စောထီးရွာဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး၊ တပ်ကြပ်တစ်ဦးအပါအဝင် ၄ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာတိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံးပြီး တပ်ကြပ်တစ်ဦး အပါအဝင် ၇ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက် နံနက် ၃ နာရီ ၃၀...