နမ္မတူမြို့နှင့် မန်တုံမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦးဒဏ်ရာရ

နမ္မတူမြို့နှင့် မန်တုံမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦးဒဏ်ရာရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နမ္မတူမြို့နှင့် မန်တုံမြို့တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည် သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနနှင့် ဒေသတင်းရင်းမြစ်များထံ က ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၇ နာရီ ၂၀ မိနစ်က နမ္မတူမြို့ ၊ အမှတ် ၈ ရပ်ကွက်၊ ပုဗ္ဗာရုံ ကျောင်းအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူများသည် ကျောက် မဲမြို့မှ စစ်ဘေးရှောင်လာသူများဖြစ်ပြီး ၂ ဦးမှာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ကျန်တစ်ဦးမှာ ဆေးရုံရောက်ရှိမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန်တုံမြို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...