အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို အရေးယူပေးရေး အစဉ်တစိုက် တောင်းဆိုလှုပ် ရှားနေသည့် Justice For Myanmar အဖွဲ့ကို “၂၀၂၅ ခုနှစ် Right Livelihood” ဆုချီးမြှင့်

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို အရေးယူပေးရေး အစဉ်တစိုက် တောင်းဆိုလှုပ် ရှားနေသည့် Justice For Myanmar အဖွဲ့ကို “၂၀၂၅ ခုနှစ် Right Livelihood” ဆုချီးမြှင့်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂

 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို အရေးယူပေးရေး အစဉ်တစိုက် တောင်းဆို လှုပ် ရှားလျက်ရှိ သည့် Justice For Myanmar အဖွဲ့ကို “၂၀၂၅ ခုနှစ် Right Livelihood” ဆုချီးမြှင့်ရန် ရွေးချယ်လိုက်ကြောင်း သိရသည်။

Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) သည် လူသားအားလုံးအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည် တည် တံ့မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြသော ကမ္ဘာတ ဝန်းမှ အပြောင်းအလဲ ဖော်ဆောင်နိုင် သူများအား အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်ပြီး Justice For Myanmar နှင့်အတူ Emergency Response Rooms (ဆူဒန်နိုင်ငံ)၊ Pacific Islands Students Fighting Climate Change (International)၊ Julian Aguon (ဂူအမ်) နှင့် Audrey Tang (ထိုင်ဝမ်) တို့လည်း ရွေးချယ်လိုက်ကြောင်း သိရသည်။

ယင်းဆုသည် စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထု၏ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူး လိုက်ခြင်းဖြစ်ပြီး စစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှု ငါးနှစ်နီးပါးကြာမြင့်သည်အထိ ကြီးစွာသော ကိုယ်ကျိုးစွန့်ပေးဆပ်မှုများနှင့် စစ်အုပ်စုအား ဂုဏ်ရောင်ပြောင်မြောက်စွာ ဆန့်ကျင် တော်လှန်လျက်ရှိသည့် မြန်မာပြည်သူများ၏ အံမခန်းသတ္တိဗျတ္တိကို ဂုဏ်ပြုသည့်အနေဖြင့် ဤဆုကို လက်ခံရယူခြင်းဖြစ်ကြောင်း Justice For Myanmar က အသိပေးထားသည်။

“မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အံ့မခန်း သတ္တိ၊ ဂုဏ်သိက္ခာ၊ ခွန်အားတွေနဲ့ ဂုဏ်ရောင်ပြောင်မြောက်စွာ ဆက်လက်ခုခံတော်လှန် နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်မတို့ လက်ခံရယူပါတယ်။ဒီဆု ဟာ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ကင်းစင်တဲ့ အနာဂတ်တစ်ခု ရရှိရေးအတွက် မိမိတို့ အ သက် ခန္ဓာကို ပေးဆပ်ခဲ့ကြတဲ့ မြောက်များစွာသော မြန်မာပြည်သူပြည်သားတွေအတွက် ဖြစ်ပါ တယ်။ ဒီဆုဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကြားက မယိမ်းမယိုင် ရပ်တည်နေကြသူတွေ၊ စစ် အုပ်စုရဲ့ နိုင်လိုမင်းထက်ပြု အုပ်ချုပ်မှုတွေကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဘယ်အရာကိုမှမမှုဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ သတင်းပေးထုတ်ဖော်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်လည်း ဖြစ်ပါတယ်။” Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

ဤဆုသည် ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မြန်မာပြည်သူများ၏ ရုန်း ကန်ကြိုးပမ်းမှုများကို ကမ္ဘာကြီးက မေ့လျော့ထားခြင်းမရှိကြောင်းပြသသည့် ခွန်အားပါသော အသိ ပေး နှိုးဆော်ချက်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်အာဏာသိမ်း ကြိုး ပမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်သည် လူ အစု အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား သောလေကြောင်းတိုက်ခိုက်မှုများ၊ မုဒိန်းကျင့်မှုနှင့် လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ် စက် မှုများနှင့် ကျေးရွာများအား အစီအစဉ်ချ မီးရှို့ဖျက်ဆီး မှုများဖြင့် နိုင်ငံတဝန်းအကြမ်းဖက် စစ် ဆင်ရေးကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လူသတ်စစ်တပ်အား ဘဏ္ဍာငွေနှင့် စစ်လက်နက်များ ထောက်ပံ့ခြင်း၊ လိုအပ်သည့်စွမ်းဆောင်ရည် များ တပ်ဆင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြသော အစိုး ရ များ၊ နိုင်ငံတကာကော်ပိုရေးရှင်းများ၊ နိုင်ငံတကာဘဏ်များနှင့် မြန်မာခရိုနီများကြောင့်လည်း စစ် အုပ်စု ၏ အကြမ်းဖက်စစ်ဆင်ရေးသည် သက်ဆိုးရှည်နေခြင်းဖြစ်ကြောင်း JFM က အသိပေးထား သည်။

စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကပင် ကျူးလွန်နေခြင်းဖြစ်ပြီး ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စုံစမ်း စစ်ဆေးမှုအောက်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း၊ ယင်းကျူးလွန်သူများကို အာဂျင်တီးနားနိုင်ငံ၏ ဖက် ဒရယ်ရာဇဝတ်ခုံရုံးကလည်း ဖမ်းဝရမ်းများ ထုတ်ထားကြောင်း သိရသည်။

စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကျင်းပရန်ပြင်ဆင် နေသည့်အလျောက် ခုခံတော်လှန်မှုများကို ဖြိုခွဲနှိမ်နှင်းရန်အတွက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ အတုအယောင်ရွေး ကောက်ပွဲသည် ကျရှုံးမည်သာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း အတိမ်းအစောင်းမခံ သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း JFM က ပြောဆိုထားသည်။

မြန်မာနှင့် ကမ္ဘာတဝန်းမှ တရားမျှတမှုအတွက် Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့ အစည်း များနှင့် တက်ကြွလှုပ်ရှားသူများသည် တရားမဝင်စစ်အုပ်စုအား ကျားကန်ထောက်ကူပေး ထားသည့် ကွန်ရက်များအား ဖော်ထုတ်ဟန့်တားရန်နှင့် အရေးယူတာဝန်ခံစေရေး ကြိုးပမ်းလျက်ရှိ ကြောင်း အသိပေးထားသည်။

နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့် ကမ္ဘာ့စစ်လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကြီးများ အပါအဝင် စစ် အုပ်စု၏ အသက်သွေးကြောလုပ်ငန်းများအပေါ် ဆန့်ကျင်သည့် လှုပ်ရှားတောင်းဆိုမှုများသည် စစ် အုပ်စုဆက်နွှယ် ထုတ်ကုန်များအား သပိတ်မှောက်ခဲ့ကြသည့် သာမာန်နိုင်ငံသားများ၊ ခြိမ်းခြောက်မှု များကို မမှုဘဲ ဆန္ဒဖော်ထုတ်သူများ၊ အမှန်တရားဖော်ထုတ်ရန်အတွက် အရာရာကိုစွန့်စားရင်းနှီးခဲ့ ကြသည့် သူ့လူကိုယ့်ဘက်သား သတင်းပေးဖော်ထုတ်သူများ၊ ထိုထိုသော မြန်မာပြည်သူများ၏ ပြောင်မြောက်လှသည့် ရဲစွမ်းသတ္တိတို့မှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်သူများနှင့်အတူ ကမ္ဘာတဝန်းမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကလည်း ပူးပေါင်းခဲ့ကြ ပြီး စစ်ရာဇဝတ်ဂိုဏ်းအား အပြီးတိုင်ဖျက်သိမ်းရေး မြန်မာပြည်သူများ၏ ခိုင်မာပြတ်သားသည့် အား ထုတ်မှုများတွင် သွေးစည်းညီညွတ်စွာ ရပ်တည်ခဲ့ကြကြောင်း အသိပေးထားသည်။

မြန်မာပြည်သူတို့၏ လှုပ်ရှားရုန်းကန်မှုသည် ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲတစ်ခု၏ အစိတ်အပိုင်း ဖြစ် သည်ကို Right Livelihood Award က ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ မြန်မာ စစ်ရာဇဝတ် ဂိုဏ်းအား အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကမ္ဘာတဝန်းမှ လူပုဂ္ဂိုလ်များ၊ လှုပ်ရှားမှု များနှင့် အစိုးရ များ ထံမှ ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်နေကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။

“ဒီဆုက ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာလာစေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို ကမ္ဘာ ကြီးက စောင့်ကြည့်လျက်ရှိကြောင်းနဲ့ မေ့လျော့ထားလိမ့်မှာမဟုတ်ကြောင်းကို စစ်အုပ်စုနဲ့ သူ့ရဲ့အား ပေးကူညီသူတွေထံ ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။ “လက်တွေ့ အရေး ယူဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့က အခုအချိန်မှာ အရေးကြီဆုံးပါပဲ” ကမ္ဘာတဝန်းက အစိုးရတွေ အနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့၊ ပြည်သူအပေါ် ကျူးလွန်တဲ့ စစ် အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေ ယာဉ်ဆီစီးဝင်မှုလမ်းကြောင်းတွေကိုရပ်တန့်ရေး ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချ မှတ် ကြဖို့ တောင်းဆိုပါတယ်။ ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ် လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ် ဆီရရှိနေမှုတွေကို ဖြတ်တောက်ဖို့ မဖြစ်မနေ ဆောင် ရွက်ရမှာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆက် လက်ပြောကြားသည်။

၁၉၈၀ ခုနှစ်မှစ၍ Right Livelihood Award သည် ကမ္ဘာလုံးဆိုင်ရာပြဿနာများအား လက်တွေ့ ကျ သော ဖြေရှင်းနည်းများဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သူများအား ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဥ် လူ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအတွက် ဆုလေးဆုပေးအပ်ခဲ့ရာ ယနေ့အချိန်အထိ နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ဆုရရှိသူပေါင်း ၂၀၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Right Livelihood Award ရုံးချုပ်သည် ဂျနီဗာမြို့တွင် တည်ရှိပြီး ဖောင်ဒေးရှင်းသည် UN နှင့် အတိုင်ပင်ခံ အဆင့်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်...