ပခုက္ကူမြို့လေယာဉ်ကွင်းတည်ဆောက်ရေးအတွက် PDF ထိန်းချုပ်နယ်မြေများကို ဖြတ်သယ်လာ သည့် ကျွန်းပျဉ်တင် ၁၀ ဘီးကား တစ်စီးကို ဖမ်းမိ

ပခုက္ကူမြို့လေယာဉ်ကွင်းတည်ဆောက်ရေးအတွက် PDF ထိန်းချုပ်နယ်မြေများကို ဖြတ်သယ်လာ သည့် ကျွန်းပျဉ်တင် ၁၀ ဘီးကား တစ်စီးကို ဖမ်းမိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁

မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းတည်ဆောက်ရေးအတွက် PDF ထိန်းချုပ်နယ်မြေများကို ဖြတ်သယ်လာသည့် ကျွန်းပျဉ်တင် ၁၀ ဘီးကားတ တစ်စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်က ရေစကြိုမြို့နယ်အတွင်းရှိ တောလမ်းတနေရာတွင် တန်ချိန် ၈ ဒသမ ၁၅၃ တန်ရှိသော ကျွန်းပျဉ်များကို တင်ဆောင်လာသည့် ၁၀ ဘီးကားတစ်စီးကို တွေ့ရှိသဖြင့် စစ်ဆေးရာ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံ လေ ယာဉ်ကွင်းတည်ဆောက်ရေးအတွက် သယ်ဆောင်လာသည့် ကျွန်းပျဉ်များဖြစ်နေခဲ့ကြောင်း သိရ သည်။

“ပခုက္ကူလေယာဉ်ကွင်းပတ်ဝန်းကျင်မှာပဲ မိခဲ့တာ၊ ကားမောင်းသမားရယ်၊ စပယ်ယာရယ်၊ ပခုက္ကူမြို့ ကနေ ထည့်လိုက်တဲ့ လူတစ်ယောက်ရယ်၊ ၃ ယောက်ပါတယ်။ လေလံဆွဲတဲ့ အောင်ကိုလတ်ဆိုတဲ့သူ တော့မပါဘူး။ ကားသမားတွေကတော့ ပို့ခိုင်းတဲ့ဆီပဲ ပို့ရတဲ့သဘောဆိုတော့ အောင်ကိုလတ်ဆိုသူရဲ့ အကြောင်းလည်း မသိရသေးဘူး။ လက်ရှိတော့ ကားနဲ့ ကျွန်းသစ်တွေရယ်၊ ကားသမားတွေရယ်‌ တော့ ထိန်းသိမ်းထားတယ်။ သူတို့ရဲ့နောက်ကြောင်းတွေဘာတွေစစ်ဆေးနေတုန်းပဲ။” Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

အဆိုပါ ကျွန်းပျဉ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ ဂန်ဂေါခရိုင်၊ ကျောတိုက်နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့မှ ဦးအောင်ကိုလတ်ဆိုသူထံ လေလံတင်ရောင်းချလိုက်သည့် သစ်များဖြစ်ပြီး သယ် ဆောင်ရာ လမ်းတလျှောက်ရှိ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ၌လည်း အခွန်ဆောင်ကာ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ကားသမားတွေမေးတော့လည်း မြောက်လူးကန်ဂိတ်ကို ပို့မှာ။ မြောက်လူးကန်ဂိတ်မှာ ဒီပစ္စည်းတွေ ချမယ်။ ပြီးရင် ညအိပ်ရမယ်၊ မနက်မှ ပြန်ရမယ်ဆိုပြီးပြောတယ်၊ ပြီးတော့ မြေပြင်အချက်အလက် တွေကို တိုက်ဆိုင်စစ်ဆေးတော့လည်း လေယာဉ်ကွင်းတည်ဆောက်ဖို့တာသေချာတယ်။ လေယာဉ် ပြေးလမ်းတွေက ပြင်ပြီးသွားပြီ။ အဲဒီလေယာဉ်ကွင်းမှာ ပြုပြင်စရာဆိုလို့ အဆောက်အဦ တွေပဲရှိ တော့တယ်၊ အဆောက်အဦတွေပြုပြင်မယ်ဆိုတာက မေပြင်သတင်းအချက်အလက်လည်း ရထားပြီ။ ဒီသစ်ကားကလည်းလာပို့တယ်ဆိုတော့ သေချာသွားတာပေါ့။” ဟု Southern YSO PDF တပ်ဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ရှင်းပြသည်။

ထိုသို့ ကျွန်းပျဉ်များ သယ်ဆောင်လာသော ကားသည် ရေစကြိုမြို့နယ်တွင်းမှတဆင့် ပခုက္ကူမြို့ လေ ယာဉ်ကွင်းအနီးအကြမ်းဖက်စစ်တပ်အထိုင်ချရာ မြောက်လူးကန်ကျေးရွာသို့ပို့ရန်ဖြစ်ကြောင်း၊ ထို့ ကြောင့် မြေပြင်သတင်းအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ရာ အကြမ်းဖက်စစ်တပ်လေယာဉ် ကွင်းအတွင်းရှိ အဆောက်အအုံများ ပြုပြင်ရန် သယ်ဆောင်လာသည့် ကျွန်းပျဉ်များဖြစ်ကြောင်း သိရှိ ရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်ဘဝများစွာကို ဖျက်ဆီး၊ သတ်ဖြတ်နေသည့် အကြမ်း ဖက်စစ်တပ်ထံ ရောက်ရှိမည့် ကျွန်းပျဉ်များဖြစ်နေသောကြောင့် ဟန့်တားဖမ်းဆီးရခြင်းဖြစ်ပြီး ဖမ်း ဆီး ထိန်းသိမ်းထားသော ကျွန်းပျဉ်များနှင့် ကားကို တော်လှန်ရေးအတွက် အသုံးချသွားမည် ဖြစ် ကြောင်း၊ ကျွန်းပျဉ်များအား ပို့ဆောင်ပေးသည့် ယာဉ်မောင်း၊ ယာဉ်နောက်အပါအဝင် ၃ ဦးကိုလည်း ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

“အခုလို သတင်းထုတ်ပြန်လိုက်တာကလည်း MoD နဲ့အမုန်းပွားဖို့တင်လိုက်တာမဟုတ်ပါဘူး။ ကျ နော် တို့လုပ်တယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိအောင် ၊ ပြည်သူလည်းမြင်အောင်ချပြလိုက်တာပါ။ သူတို့ဆီ က ရောင်းလိုက်တဲ့ပစ္စည်းက ပြည်သူစစ်စစ်ပေါ့၊ လက်လုပ်လက်စားလုပ်တဲ့သူပဲဖြစ်ဖြစ်၊ ပရိဘောဂ လုပ်တဲ့ သူပဲဖြစ်ဖြစ် ရောင်းတာချတာက ကိစ္စမရှိဘူး။ ဒီပစ္စည်းက စစ်ကောင်စီနဲ့ ပတ် သက်ရာ ပတ် သက်ကြောင်းဆီရောက်သွားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့၊ ဒီလေယာဉ်ကွင်း တည်ဆောက်ရေး ဖြစ်မြောက်အောင်လုပ်နေကတည်းက မအောင်မြင်စေဖို့ ကျနော်တို့က ဟန့်တား နေတဲ့သူတွေ။ ဒီလေယာဉ်ကွင်းတည်ဆောက်ရေးအတွက် ပံ့ပိုးမယ့်ပစ္စည်းတွေဆိုရင်တော့ ကျနော် တို့က လက်ခံ လို့ တော့မရဘူး။ ဟန့်တားသင့်ရင် ဟန့်တားရမှာပဲ ၊ သိမ်းသင့်ရင် သိမ်းရမှာပဲ။ သစ် ကားကို ဖမ်းလိုက် တာကလည်း ကျနော်တို့ လုံခြုံရေးယူထားတဲ့ ဂိတ်နားကို ဖြတ်လာမှ ဖမ်းဆီး စစ်ဆေးလိုက်တာ၊ အဲဒီ အခါကျမှ သစ်ကားမှန်းသိရတာ။ အဲဒီတနေရာမှာသာ ကျနော်တို့နဲ့ မတွေ့ ဘူးဆိုရင် အဲဒီကားက လေယာဉ်ကွင်းရောက်သွားမှာ။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...