သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေးကောက်ပြီး ထွက်လာသော စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က လက်ပံတန်းမြိုနယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြို ကြီးရွာ၌ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြသည့် အင်အား ၂၀ ကျော်ပါ စစ်သား၊ ရဲ ပူးပေါင်း စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များမှ သဲကောဆည် လမ်း ဆုံ၌ စောင့်ကြို၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို စောင့်ကြိုတိုက်ခိုက်မှုအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ရဲ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရှိ၍ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောာင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား၊ ရဲ ၂ ဦး၏ ရုပ်အလောင်းများနှင့်အတူ G3 အမျိုး အစား သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ ကျပ် နှင့် မှတ်ပုံတင်ကတ် ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထိနာသွားသည့် အကြမ်းဖက်စစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ ကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ၄င်း တို့ အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် နှင့် သတိထားနေနိုင်ပေးကြပါရန် သာယာဝတီခ ရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media