သရက်ချောင်းမြို့နယ် အကြမ်းဖက်စစ်တပ်က တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ကျောက်လှေကား ကျေးရွာမှ ပြည်သူ့နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီး

သရက်ချောင်းမြို့နယ် အကြမ်းဖက်စစ်တပ်က တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ကျောက်လှေကား ကျေးရွာမှ ပြည်သူ့နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိ သည့် ကျောက်လှေကားကျေးရွာမှ ပြည်သူ့နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာန ထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၇ နာရီခန့်က သရက်ချောင်းမြို့မှ အကြမ်းဖက်စစ်ကောင် စီတပ် တပ်ရင်း ၄၀၃ ၊ ၄၀၄ ၊ ၄၀၅ ပူးပေါင်းပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ တောင်ပျောက်‌ကျေးရွာ အုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို  စစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် K.N.L.A တပ်မဟာ ၄ လက်အောက် ခံ၊ တပ်ရင်း ၁၂ နှင့်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ် ဖွဲ့ များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကြားဖြတ် တိုက်ခိုက်ခြင်းခံရမှုကြောင့် အကြမ်းဖက်စစ်ကြောင်းက ‎တိုက်ပွဲနှင့် မသက်ဆိုင် သော ကျောက်လှေကားကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေ အဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။

‎Photo – အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူလူထု၏ နေအိမ်များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...