နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်မှုကြောင့် ကျေးရွာနေ ပြည်သူအချို့ ရွှေ့ပြောင်းပေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်မှုကြောင့် ကျေးရွာနေ ပြည်သူအချို့ ရွှေ့ပြောင်းပေးရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်မှုကြောင့် ကျေးရွာနေ ပြည်သူအချို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်ကစတင်၍ နေပြည်တော် ၊ လယ်ဝေးမြို့ နယ်၊ အေလာမြို့အတွင်း ရန်ကုန်~မန္တလေး မြို့ရှောင်လမ်းဘေးနေရာအချို့၌ ရေကြီးရေလျှံမှု များ ဖြစ်ပွားခဲ့ ကြောင်း၊ ထိုသို့ ရေကြီးမှုကြောင့် ဧလာမြို့ ရုံးပင်ကျေးရွာအုပ်စု ၊ ငှက်ပျောတောကျေးရွာ နေ ပြည်သူ အချို့ကို ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

“အခုတော့ ရေကတဖြည်းဖြည်းကျနေပါပြီ။ ရေက ဖြည်းဖြည်းချင်း ကျတဲ့အခြေအနေပေါ့၊ အရမ်း တော့လည် မကျသေးဘူး။ နည်းနည်းချင်း ကျနေတာ၊ မိုးရွာရင်တော့ပြန်တက်လာနိုင်တဲ့ အခြေအနေ တော့ရှိတယ်။ မနေ့က ၁၁ နာရီခွဲ ၁၂ နာရီဝန်းကျင်လောက်ကနေ တရိပ်ရိပ်တက်လာတာ၊ ကျနော် တို့ ရောက်သွားတဲ့အချိန်က ၃ နာရီခွဲ၊ ၄ နာရီလောက်ဖြစ်သွားပြီဆိုတော့ ဒေသခံတွေဘက်က အကူ အညီတောင်းတဲ့အခြေအနေနဲ့ ကြုံရလို့ သွားရောက်ပြီးတော့ ကူညီခဲ့တာပေါ့။  ကျေးရွာအနည်းငယ် လောက်ပဲ ရေဝင်ရောက်မှုရှိတာပါ။ ရွာတွေကို ရေဝိုင်းတဲ့ပုံစံမျိုးပေါ့၊ မြေနိမ့်ပိုင်းမှာရှိတဲ့ မိသားစု အနည်းငယ်လောက်တော့ ရွှေ့ပြောင်းပေးရတာရှိတယ်။ ငှက်ပျောတောတစ်ရွာထဲပဲ ရွှေ့ပြောင်းပေး ခဲ့တာပါ။ ဧလာမြို့ဘက်ကတော့ ဘာမှ မဖြစ်ဘူး။ မနေ့ညကတော့ ကျနော်တို့ နေပြည်တော်မှာ မိုးရွာတယ်၊ အဲဒီရေကြီးတဲ့ဘက်ခြမ်းမှာတော့ မရွာဘူးလို့ သိရတယ်။” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ပရဟိတသမားတစ်ဦးက ပြောကြားသည်။

အဆိုပါ ရေကြီးမှုသည် စစ်တောင်းမြစ်ရေမြင့်တက်၍ ပလွေးချောင်းအတိုင်း ရေဝင်ရောက်ခဲ့ခြင်းဖြစ် ပြီး ရန်ကုန် – မန္တလေး မြို့ရှောင်လမ်းဘေးနေရာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရေဝင်ရောက်သည့် ကျေးရွာများအတွင်းသို့ ကရုဏာရှင် လူမူကူညီရေးပရဟိတ အသင်း (ပြည် စံအောင်) ၊ လူမှုကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်း (ခေါမကျေးရွာ) ၊ မိုးစေတနာပရဟိတ အသင်း (ပျဥ်းမနား) တို့မှ ကယ်ဆယ်ရေးနှင့် ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒဌာနမှ ညွှန်ကြားချက်များကို လိုက်နာကာ သတိပြု နေထိုင်ကြရန်နှင့် လူမှုကူညီရေးအဖွဲ့အစည်းများမှ တင်ပြထားသည့် သတင်းများကို လေ့လာနား ထောင်ပေးကြရန် တိုက်တွန်းထားသည်။

မိုးဆက်လက် ရွာသွန်းနေပါက လယ်ဝေးမြို့နယ် ၊ ဧလာမြို့ ၊သာဝထ္ထိမြို့ စသည့် ဒေသများ ၊ပလွေး ချောင်းအနီးရှိ ကျေးရွာများ၊ ရန်ကုန် ~မန္တလေး မြို့ရှောင်လမ်းဘေးရှိ ကျေးရွာနေများနှင့် စစ်တောင်း မြစ်၏ အောက်ဘက်ရှိ မြို့များ၊ ကျေးရွာများနေ မိဘပြည်သူများအနေဖဖြင့် သတိပြုနေထိုင်၍ကြို တင်ပြင်ဆင်စရာများကို ပြင်ဆင်ထားကြပါရန် ဆက်လက် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။...