Myinmu News

Myinmu News

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာတွင် အကြမ်းဖက်စစ်တပ်က ၎င်းတို့ကိုထောက်ခံသော ကြံ့ဖွတ်ပါတီ များအပါအဝင် ပြည်သူ ၃၁ ဦးကို အစုံလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်

 

D Day News

မေလ ၁၁

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာတွင် အကြမ်းဖက်စစ်တပ်က ၎င်းတို့ကို ထောက်ခံ သော ကြံ့ဖွတ်ပါတီဝင်များအပါအဝင် ပြည်သူ ၃၁ ဦးကို အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်သည်။

 

ယနေ့ မေလ ၁၁ ရက် နံနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြင်းမူမြို့နယ်၊ လက် ထုတ္တောရွာသို့ အကြမ်းဖက်စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဗုံးအလုံး ၃၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ မြေပြင်မှ အင်အား ၇၀ ဖြင့် ဝင်ရောက်လာပြီး နေအိမ်များအား မီးရှိ ဖျက်ဆီးခဲ့ ကြောင်း၊ ထိုအပြင် ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေသော ရွာသား ၂၄ ဦးနှင့် အမျိုးသမီး (၁) ဦး အပါ ရွာခံပြည်သူ ၃၁ ဦးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရပြည်သူ ၁၀ ဦးကို ဆေးရုံသို့ ပိုဆောင်ခဲ့ရာ လမ်းတွင် ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများ ထဲတွင် စစ်တပ်ကို ထောက်ခံအားပေးသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်အချို့လည်း ပါဝင်ကြောင်း သိရသည်။

 

ထို့နောက် နံနက် ၈ နာရီခွဲခန့်တွင် လူသတ်၊ မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်သားများသည် လက် ထုတ္တော ကျေးရွာမှ ရေပိုးစားကျေးရွာဘက်သို့ ထွက်ခွာသွးာပြီး ကျေးရွာအတွင်းမှ အမျိုးသမီး ပြည်သူ ၂၀ ခန့်ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆေင်သွားကြောင်း သိရသည်။

 

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်သည့် စစ်တပ်မှာ မြင်းမူမြို့နယ်၊ ဂွေး ပင်တောရွာ ဘုန်းကြီးကျောင်း တွင် အခြေချနေသော အမှတ်-၁၃ ခြေမြန်တပ်ရင်း (ခမရ-၁၃) ၊ အမှတ် -၉၀၉ စစ်မြေပြင် အင်ဂျင်နီ ယာတပ်ရင်း (စအရ-၉၀၉) ၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲစည်းထားသော လှုပ်ရှားတပ်ဖွဲ့၊ ပျူစောထီး ပူးပေါင်းအင်အား ၄၀ ခန့်နှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာမှ အမှတ်-၉၂၉ ထောက်ပံ့ နှင့် ဆက်သွယ်ရေးတပ်ရင်း (ထပရ-၉၂၉) ပူးပေါင်း အင်အား ၃၀ ခန့် တို့ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့်အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့်အဖွဲ့ကို ဗုံးခွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် အုပ်ကြီးဖိုးဇင်နှင့် ဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်က...