သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၃၀
ရန်ကုန်တိုင်း၊ ဗဟန်းမြို့မ ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ကင်းစောင့်နေသော ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame အဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ ကျော်က ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမ ပေါ်ရှိ ဗဟန်းမြို့မ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ လုံခြုံရေးရဲကင်း အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဂိတ်ဝတွင် ကင်းစောင့် နေသော ရဲများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်ခြင်းမှာ ယင်းရဲစခန်းရှိ ရဲများသည် အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေး ကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေပြီး ပြည်သူများအား နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက် နေသောကြောင့် “Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame အဖွဲ့နှင့်အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်ခံသွား မည် မဟုတ်ဘဲ ရန်ကုန် တော်လှန်ရေး မဟာမိတ်များအားလုံးနှင့်အတူလက်တွဲ၍ အရှိန်မြှင့် တိုက် ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း၊ မိဘပြည်သူတွေအနေဖြင့်လည်း အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media