သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၃၀
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့တွေ့ဆုံပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံ တွင်းဖြစ်ပေါ်နေသော တော်လှန်ရေးအခြေအနေများ၊ ကြုံတွေ့နေရသည့် တော်လှန်ရေးဆိုင်ရာ စိန် ခေါ်မှုများကို အတူ ရင်ဆိုင် ကျော်လွှားနိုင်ရန်နှင့် အနာ ဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည် ဆောက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းပြည်အနှံ့ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်မခွဲခြား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိ ခိုက် သေဆုံးခဲ့ရသည့် မိသားစုများ၊ ထိခိုက်ဒဏ်ရာကြောင့် ကုသနေရသူများနှင့်အသက်အိုးအိမ်စည်း စိမ်များ စွန့်လွှတ်လျက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လူ သား စာနာကူညီရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media