AA နှင့် တိုက်ပွဲများအတွင်း အထိနာ တပ်ပျက်လျက်ရှိသော စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်နိုင်ငံ ခြင်းမရှိသည့် မြို့၊ ရွာများကို ဗုံးကြဲတိုက်ခိုက်နေဟု AA ထုတ်ပြန်

AA နှင့် တိုက်ပွဲများအတွင်း အထိနာ တပ်ပျက်လျက်ရှိသော စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်နိုင်ငံ ခြင်းမရှိသည့် မြို့၊ ရွာများကို ဗုံးကြဲတိုက်ခိုက်နေဟု AA ထုတ်ပြန်

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၃၀

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ၃ နေရာရှိ တိုက်ပွဲများတွင် တပ်ပျက် လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ ထိန်း ချုပ်နိုင်ခြင်းမရှိသည့် မြို့၊များကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ယမန်နေ့ စက် တင်ဘာလ ၂၉ ရက်နေ့တွင် AA က ထုတ်ပြန်သည်။

အာရက္ခဒေသအတွင်း တိုက်ပွဲများနှင့် အာရက္ခဒေသအစပ် (၃) နေရာ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲ များတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အထိအခိုက်အကျအဆုံးများစွာနှင့် ရင်ဆိုင် နေရပြီး တပ်ပျက်လျက်ရှိကြောင်း အသိပေးထားသည်။

ထို့အပြင် ၎င်းတို့၏ အတင်းအဓမ္မ စုဆောင်းခြင်းခံရသော တပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်လို စိတ်မရှိဘဲ ရှေ့တန်း၊ နောက်တန်းများတွင် အခွင့်ရလျှင်ရသလို တပ်ပြေးခြင်း၊ မိမိတို့ထံ ဘက်ပြောင်းခြင်း၊ အလံ ဖြူထောင်ဝင်ရောက်ခြင်းတို့မှာ နေ့တိုင်း ဖြစ်ပျက်လျက်ရှိသည်ဟု ဆိုသည်။

မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများစွာနှင့်ရင်ဆိုင်နေရသည့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မ ရှင် တပ်သည် ယခုရက်များတွင် အာရက္ခဒေသအတွင်း၌ မိမိတို့ အပြည့်အဝထိန်းချုပ်ထားပြီး တိုက် ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာ များ၌ရှိသော စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း နှင့် ဘုန်းတော် ကြီးကျောင်း အစရှိသည့် နေရာများအပြင် လူစုလူဝေးရှိသည်ဟုယူဆသော နေရာများအား နေ့၊ ည အချိန် မရွေး လေကြောင်း၊ ရေကြောင်း နှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်သော လုပ်ရပ် များကို ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း AA က ပြောဆိုသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ရေကြောင်း၊ လေ ကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုရန်ကို ယခင်ထက် ပိုမို သတိထားကြပါရန် နှင့် စစ်ရေးသတိ အပြည့်အဝ အချိန်မရွေးရှိကြပါရန် အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...