အပြည်ပြည်ဆိုင်ရာ လုံခြုံရေးယန္တရား ယိုယွင်းအားနည်းလာခြင်းနှင့် နိုင်ငံတကာဘက်စုံအဖွဲ့အစည်း များအပေါ် ယုံကြည်မှုလျော့နည်းလာခြင်းတို့ကြောင့် နျူးကလီးယာလက်နက်ချုပ်ငြိမ်းရေးဆိုင်ရာ တိုးတက်မှုနှင့် ကြိုးပမ်းအားထုတ်မှုအပေါ် ထိခိုက်နေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

အပြည်ပြည်ဆိုင်ရာ လုံခြုံရေးယန္တရား ယိုယွင်းအားနည်းလာခြင်းနှင့် နိုင်ငံတကာဘက်စုံအဖွဲ့အစည်း များအပေါ် ယုံကြည်မှုလျော့နည်းလာခြင်းတို့ကြောင့် နျူးကလီးယာလက်နက်ချုပ်ငြိမ်းရေးဆိုင်ရာ တိုးတက်မှုနှင့် ကြိုးပမ်းအားထုတ်မှုအပေါ် ထိခိုက်နေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၂၉

အပြည်ပြည်ဆိုင်ရာ လုံခြုံရေးယန္တရား ယိုယွင်းအားနည်းလာခြင်းနှင့် နိုင်ငံတကာဘက်စုံအဖွဲ့အစည်း များအပေါ် ယုံကြည်မှုလျော့နည်းလာခြင်းတို့ကြောင့် နျူးကလီးယာလက်နက်ချုပ်ငြိမ်းရေးဆိုင်ရာ တိုးတက်မှုနှင့် ကြိုးပမ်းအားထုတ်မှုအပေါ် ထိခိုက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြု လုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေး နေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးတွင် ၎င်းက ပြောဆိုလိုက် ခြင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် မကြုံဖူးသည့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ ပထဝီဝင်နိုင်ငံရေး တင်းမာ လာခြင်း၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးယန္တရားများ ယိုးယွင်းအားနည်းလာခြင်းနှင့် နိုင်ငံတကာ ဘက်စုံအဖွဲ့အစည်းများအပေါ် ယုံကြည်မှုလျော့နည်းလာခြင်းတို့ကြောင့် နျူးကလီးယားလက်နက် ချုပ်ငြိမ်းရေးဆိုင်ရာတိုးတက်မှုနှင့်ကြိုးပမ်းအားထုတ်မှုတွေထိခိုက်အားနည်းနေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ယခုအခါ အန္တရာယ်မြင့်မားစေသည့် နျူးကလီးယားလက်နက် ကိရိယာများ ခေတ်မီ အဆင့်မြှင့် တင်ခြင်း၊ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှု မြန်ဆန်လာခြင်းနှင့် နျူးကလီးယား လက်နက် အသုံး ပြုမည်ဟု ခြိမ်းခြောက်မှုများက နျူးကလီးယားစစ်ပွဲဆီသို့ ဦးတည် နေကြောင်းသည်ဟု ဆိုသည်။

နျူးကလီးယားလက်နက်ကို မတော်တဆဖြစ်စေ၊ ရည်ရွယ်၍ဖြစ်စေ အသုံးပြုခြင်းသည် လူသား ချင်း စာနာမှုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားလွန်ကဲသည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ် စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နျူးကလီးယားလက်နက် အသုံးပြုခြင်းမှ လုံခြုံစိတ်ချရစွာ ကာကွယ် နိုင်ရန်အတွက် တစ်ခုတည်းသောထိရောက်သည့် နည်းလမ်းမှာ နျူကလီးယားလက်နက် အားလုံးကို အပြည့်အဝ ဖျက်သိမ်းရေးသာဖြစ်ကြောင်း ထောက်ပြထားသည်။

နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ် (NPT) သည် ကမ္ဘာ့နျူကလီးယားလက်နက် ဖျက် သိမ်းရေးနှင့် နျူကလီးယားလက်နက်များ မပြန့်ပွားရေးစနစ်၏ အဓိကမဏ္ဍိုင် ဖြစ်သော်လည်း၊ ၉ ကြိမ် မြောက်နှင့် ၁၀ ကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံများတွင် သဘောတူညီချက် တစ်စုံ တစ်ရာ ချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အတားအဆီးများ ရှိနေသော်လည်း လာမည့်နှစ်တွင် ကျင်းပမည့် ၁၁ ကြိမ်မြောက် ပြန်လည် သုံးသပ်ရေးညီလာခံ၌ အောင်မြင်သောရလဒ် ရရှိနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုရှိလာမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရာတွင် စစ်အာဏာရှင် စနစ် ကို ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ ပြသနာကို ဖြေရှင်းရတွင် စစ် အာဏာရှင် စနစ်ကို ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်...