သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မကောက်ခံနေသူ ရာအိမ်မှူး မြင့်အောင်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာနေရာမှာပင် သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပ ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာ ရာအိမ်မှူး မြင့်အောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကြားအဖွဲ့က ၄င်း၏ နေအိမ်သို သွားရောက်ဖမ်းဆီးခဲ့ရာ ရာအိမ်မှူးမြင့်အောင်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်သားများ အထင်ဖြင့် မေးမြန်းဧည့်ခံရန် ပြင်ဆင်ခဲ့ ကြောင်း သိရသည်။
ထို့သို့ ပြင်ဆင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ရာ ရင် ဘတ်ကို ကျည် ၃ ချက်ထိ၍ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော ရာအိမ်မှူး မြင့်အောင် သည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ် တပ်အတွက် အမာခံထောက်တိုင်ဖြစ်ကာ ပြည်သူများထံမှ စစ်မှုကြေးငွေ အတင်းအကြပ် ကောက်ခံ ခြင်း၊ စစ်မှုထမ်းကြေး မပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား စစ်မှု ထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအပြင် ၎င်းတို့၏ ထောက်တိုင်များကိုလည်း တိုက်ခိုက် သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေး ထားသည်။
Thanlwin Myanmar Media