သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၈
အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်အောင်မြင်ရန် ကြိုးပမ်းနေချိန် အရပ်သား ပြည် သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု ပိုမိုတိုးမြှင့်လုပ်ဆောင်နေကြောင်း NUG အစိုးရ၊ လူ့အခွင့် အရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။
လက်ရှိမှာလည်း တရားမဝင်ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ ကြိုးပမ်းနေချိန်ဖြစ်ပြီးအရပ်သားများအပေါ် ဦးတည် သည့်အကြမ်းဖက်မှုများလည်း ပိုမိုတိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်အုပ် သည် နိုင်ငံတကာစာမျက်နှာတွင် ရွေးကောက်ပွဲလုပ်ဆောင်ရန် အတွက် တိုင်းပြည်တည်ငြိမ်နေသည့် ပုံစံသဖွယ်ပုံဖော်နေပြီး အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုကို ကိုဖိတ်ခေါ်နေသော်လည်း အရပ် သား များအပေါ် အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။
စက်တင်ဘာလ ၂၆ ရက်နေ့လည်ပိုင်းက တန့်ဆည်မြို့နယ်၊ ကံထူးမရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ် သားပြည်သူ ၁၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် အဆောက်အအုံ ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားသော တံတားဦးလေတပ်ကနေ တက်လာည့် ဂျက်ဖိုက်တာတစ် စီးသည် ကလေးဝမြို့ကိုပတ်၍ အပြန်တွင် ကံထူးမရွာ အနောက်ဘက်ခြမ်းမှာရှိ ဓါတ်ဆီဆိုင် အရှေ့ က ပြည်ထောင်စုလမ်းမကြီးအနီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media