သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်နှင့်ကျောက်မဲမြို့နယ်တို့တွင်အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ် အလုံး ၂၀ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက် ညနေ ၄ နာရီ ၇ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်း လုံမြို့နယ်၊ ပန်သပြေကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်အလုံး ၂၀ ထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ၂၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက် မဲမြို့နယ်၊ ပါကုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကြဲချတိုက် ခိုက်ရာ အသက် ၆၁ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၂၄ ရက်နေ့က ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာတွင် စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ဆောင်နှင့် ဆွမ်းစားဆောင်တို ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယခုလအတွင်း ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြိုနယ်တွင် လေကြောင်း၊ လက် နက်ကြီးနှင့် အသေခံဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အမျိုး သား ၁ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် အလုံး ၂၀ ၊ စာသင် ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်နှင့် ကား ၁ စီး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media